သာယာလှပ ရှမ်းပြည်အလှကိုဖော်ထုတ်နိုင်ရန် blog အတွက်လိုအပ်သော ဓာတ်ပုံ၊ ဆောင်းပါ၊ ဗဟုသုတ၊ ကဗျာ၊ စာပေနှင့် ရှမ်းပြည်အလှအပများကိုဖော်ကျူးလိုသော အချက်အလက်များအား masterghost2012@gmail.com ဆက်သွယ်ပေးပို့ခြင်းဖြင့် ပါဝင်ကူညီနိုင်ပါတယ်...

Tuesday, May 8, 2012

InLay Boat's Day


ညောင်ရွှေမြို့ စက်လှေသမားများနေ့အဖြစ် ဒီနေ့ကိုသတ်မှတ်လိုက်ပါတယ် (တန်ဆောင်မုန်းလပြည့်ကျော် (၈)ရက်


သာစွဟန်လင်း


ဆောင်းတွင်းအခါ မြောက်လေလာက
အိမ်သာအနံ့ ၀တ်အနံ့တို့
သင်းပျံ့မွှေးစွာ နေရပါဘိ
စိတ်မှာမရွှင် အိမ်ပြန်ချင်သည်
ခဲသလဲပါ ရောင်ဝါထိန်ငြီး
လုံးတီးထမင်း ပျော့ဖျင်းဖျင်းကို

လွမ်းနေမဲ့အချစ်

ဟိုး .....အဝေးကိုကြည့်နေမိတယ်
အတွေးတွေက တိမ်တွေခိုစီးလို့
မကျေနပ်မှုတွေကို သွန်ချခဲ့တယ်...
သက်ဝင်တဲ့ မင်းအနမ်းတွေ
အကြိမ်ကြိမ်နင်ဖန်ဆင်း
ငါတို့ဝေးရမှာလဲသိနေတယ်
အခန်းဆက်တွေပျက်မဲ့
အလွမ်းဇာတ်တွေ ငါကခုန်ရဦးမှာပေါ့...
ငါတို့အနမ်းတွေ ချိုမြိန်ပေမဲ့
နေ့ရက်တွေက တဖြေးဖြေးနဲ့ပေါ့
သယ်ဆောင်သွားနေပြီ အလွမ်းမြို့တော်သို့.....

ငါ့ညရဲ့  အဓိပ္ပါယ်" (ချစ်သူ့ကဗျာ)

ငါ့ညထဲမှာ ကဗျာတစ်ပုဒ်
အသက်သွင်းတုန်း
နာရီက နှစ်ချက်ထမြည်တယ်လေ...
ညစဉ်ကြားရတဲ့
ဒီအသံကို အပြစ်မတင်ချင်ဘူး
တားမရတဲ့ လက်တွေကိုပြန်ပြီး
ရိုက်ချိုးချင်မိခဲ့...တယ်။
အမှောင်ဆိုတာ ငါ့ဘ၀အတွက်
မထူးဆန်းပေမဲ့
သူ့ကိုတော့ဆွဲမခေါ်ရက်ဘူးလေ....
အလင်းရှိရာကိုပဲ
ပို့ဆောင်ပေးချင်သူ....။
ဖြူစင်တဲ့ညတွေကိုလည်း
အရောင် မဆိုးရက်လို့
မနက်ခင်းအလင်း စောင့်မျှော်ရင်း
ငါ့ညရဲ့  အဓိပ္ပါယ်ကဗျာတွေထဲ
ဆက်လက်မျောပါ...သွားပြန်တယ်....။

လက်လုပ်လက်စား နိုင်ငံရေး


မနေ့ က ဘာနဲ့စားပြီးခဲ့လဲ
 ဒီနေ့ ဘာနဲ့ စားရမလဲ
 နိုင်ငံရေးဆိုတဲ့ ဝေါဟာရထက် 
အဲ့ဒါက ပိုအရေးကြီးပါတယ် . . . 
ကျမ အဖို့ ဒီမိုကရေစီ ဆိုတာဘာမှန်းမသိပေမယ့် 
ဟိုပါတီကြီးကပေးတဲ့ ပိုက်ဆံ၃သောင်းကတော့ 
အိမ်အမိုးလေးမိုးလို့ရတယ် 

တန်ဆောင်တိုင်အား အမှတ်ရစေ၇န်ပြန်လည်ကူးယူဖော်ပြပါသည်

၂ဝ၁ဝ တောင်ကြီးတန်ဆောင်တိုင်


သူငယ်ချင်းတစ်ယောက် ပေးပို့လာတဲ့ ၂ဝ၁ဝ တောင်ကြီးတန်ဆောင်တိုင်ရဲ့ နေ့လွတ်၊ ညလွတ် မီးပုံးပျံလေးတွေပါ။ မျှဝေပါတယ်....

ရှမ်းပြည်နယ် သဘာဝအလှများ