သာယာလှပ ရှမ်းပြည်အလှကိုဖော်ထုတ်နိုင်ရန် blog အတွက်လိုအပ်သော ဓာတ်ပုံ၊ ဆောင်းပါ၊ ဗဟုသုတ၊ ကဗျာ၊ စာပေနှင့် ရှမ်းပြည်အလှအပများကိုဖော်ကျူးလိုသော အချက်အလက်များအား masterghost2012@gmail.com ဆက်သွယ်ပေးပို့ခြင်းဖြင့် ပါဝင်ကူညီနိုင်ပါတယ်...

Tuesday, May 8, 2012

InLay Boat's Day


ညောင်ရွှေမြို့ စက်လှေသမားများနေ့အဖြစ် ဒီနေ့ကိုသတ်မှတ်လိုက်ပါတယ် (တန်ဆောင်မုန်းလပြည့်ကျော် (၈)ရက်


မြန်မာနိုင်ငံဟိုတယ်နှင့်ခရီးသွားဝန်ကြီး၏လမ်းညွှန်ချက်နဲ့အညီ...အင်းလေးဟိုတယ်လုပ်ငန်းရှင်အသင်း

မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်အသင်း ၊ ညောင်ရွှေမြို့နယ်ရေယဉ်များအသင်း ၊ မြို့နယ်အေးချမ်းသာရာရေး
ဥက္ကဋ္ဌ နှင့်သက်ဆိုင်ရာလူကြီးမင်းမျာက စက်လှေများနေ့ ဖွင့်ပွဲကိုကျင်းပဖွင့်လှစ်ခဲ့ပါတယ်...နှစ်စဉ်ပြုလုပ်သွားမှာ
ဖြစ်ပါတယ်..အဲဒီနေ့ကို တန်ဆောင်မုန်းလပြည့်ကျော် (8)ရက်နေ့အဖြစ်သတ်မှတ်လိုက်တယ်လို့သိရပါတယ်..
ထိုနေ့မှာ အင်းလေးဖောင်တော်ဦးဘုရာတွင် သံဃာတော်များအား ဆွမ်းဆန်စိမ်းလောင်လှုပွဲပါပြုလုပ်မှဖြစ်ပါတယ်
ညောင်ရွှေမြို့နယ် တွင် စက်လှေ ပေါင်း (5000) ၀န်ကျင်ရှိခဲ့ပါတယ် (2000)မှာတော့ နိုင်ငံခြားခရီးသွားများနှင့်ပြည်တွင်း
ဧည့်သည်များသွားလာရေးအတွက်ဖြစ်ပါတယ် ကျန်စက်လှေများမှာတော့ သူတို့ရဲ့ ကိုပိုင်လုပ်ငန်းတွေမှာအသုံးပြုပါတယ်
Inlay Boat's Day အဖြစ်ပြုလုပ်ရခြင်းက ညောင်ရွှေမြို့နယ်အင်းလေးကန်ဟာ မြန်မာနိုင်ငံရဲ့ ဒုတိယ အကြီးဆုံးဖြစ်သလို စက်လှေ
အများဆုံးအသုံးပြုသည့်မြို့လည်းဖြစ်တယ် ထို့အတွက်စက်လှေသမားများကိုအသိမှတ်ပြုသည့်အနေဖြင့်ပြုလုပ်ခြင်းဖြစ်ပါတယ်
ယခုနှစ်မှစတင်ပြုလုပ်လိုက်တာပါ..ယခုနှစ်တွင် စက်လှေသမားများကတက်စွမ်းသမျှကူညီခဲ့သည်ကတော့ သံဃာတော်များအား
စက်လှေအစီး (100)ဖြင့်ဆွမ်းဆန်စိမ်းလောင်းလှုပွဲအား ပို့ဆောင်မှု့ဖြင့်ကူညီလှုဒါန်းခဲ့ကြောင်းသိရပါတယ် ..ဆွမ်းဆန်စိမ်းလောင်းလှု
ပွဲတွင် သံဃာတော် အပါး (3000)အားလှုဒါန်းသွားတယ်လို့သိရပါတယ် စက်လှေသမားများကိုလဲ
ဗလာမပါကမ်းစမ်းမဲများနဲ့ မဲနှိုက်ပွဲပြုလုပ်ခဲ့ပါတယ် နောက်နောင်များတွင် Inlay Boat's Day ကိုနှစ်စဉ်ပြုလုပ်သွားမည်ဖြစ်ကြောင်း
သိရှိခဲ့ရပါတယ်ဗျာ....







No comments:

Post a Comment