မောင်တောမြို့နယ်၊ သားရေကုန်းဘောင်ကျေးရွာတွင် ဇွန်လ ၈ ရက်နေ့က တွေ့ရသည့် ဘင်္ဂါလီ ရိုဟင်ဂျာများ
ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် လူထောင်ချီရှိသော ဘင်္ဂါလီ ရိုဟင်ဂျာများမှ မြို့တော်ခန်းမအနီရှိ အိမ်များကို ယနေ့ မွန်းလွဲပိုင်းမှ စ၍ မီးရှို့ဖျက်ဆီးနေပြီး ဒေသခံ အများစုက မိမိအိမ်နှင့် ဝေးရာသို့ ထွက်ပြေး နေရကြောင်း သိရသည်။ အဆိုပါ မီးရှို့ဖျက်ဆီးခံရသော အိမ်များအနက် မောင်တောမြို့ ရွာသစ်ရပ်ကွက်ရှိ Weekly Eleven News Journal သတင်းထောက်၏ နေအိမ်လည်း ပါဝင်ကြောင်း သိရှိရသည်။ မောင်တောမြို့ လုံခြုံရေးကို ရဲတပ်ဖွဲ့မှ တာဝန်ယူပြီး အင်အား ၂၀၀ ၀န်ကျင်ခန့်သာရှိကြောင်း သိရသည်။ လက်ရှိအခြေအနေမှာ ထိန်သိမ်းရန် ခက်ခဲသော အခြေအနေ ရှိနေကြောင်း ဒေသခံတစ်ဦးမှ ပြောကြားပါသည်။ |
Showing posts with label နိုင်ငံရေး ဆောင်းပါး. Show all posts
Showing posts with label နိုင်ငံရေး ဆောင်းပါး. Show all posts
Sunday, June 10, 2012
ရခိုင်ပြည်နယ် မောင်တောမြို့နယ် အခြေအနေနှင့် ပတ်သက်ပြီး နောက်ဆုံးရသတင်းများ ၁
Subscribe to:
Posts (Atom)