သာယာလှပ ရှမ်းပြည်အလှကိုဖော်ထုတ်နိုင်ရန် blog အတွက်လိုအပ်သော ဓာတ်ပုံ၊ ဆောင်းပါ၊ ဗဟုသုတ၊ ကဗျာ၊ စာပေနှင့် ရှမ်းပြည်အလှအပများကိုဖော်ကျူးလိုသော အချက်အလက်များအား masterghost2012@gmail.com ဆက်သွယ်ပေးပို့ခြင်းဖြင့် ပါဝင်ကူညီနိုင်ပါတယ်...

Tuesday, July 3, 2012

ကလော အိမ်၊ ခြံ၊ မြေဈေး ၅ဝ ရာခိုင်နှုန်း မြင့်တက်

 
ကလော၊ ဖေဖော်ဝါရီ ၂၂
ကလောမြို့ အိမ်၊ ခြံ၊ မြေဈေး ၅ဝ ရာခိုင်နှုန်း မြင့်တက်လာကြောင်း ဒေသခံများထံမှ သိရသည်။
ပြင်ဦးလွင်မြို့တွင် မြေဈေးများ မြင့်တက်မှုကြောင့် အပန်းဖြေအနားယူရန် အိမ်ဝယ်လိုသူများနှင့် ရင်းနှီးမြှုပ်နှံ လိုသူများအနေဖြင့် ကလောဘက်သို့ မျက်စိကျ လာကြကြောင်း လွန်ခဲ့သည့် နှစ်နှစ်ခန့်မှ စ၍ မြေဈေးများ မြင့်တက်လာခြင်း ဖြစ်ပြီး လက်ရှိတွင် ဈေးပိုမြင့်လာကြောင်း
မြို့ခံဟိုတယ် လုပ်ငန်းရှင်တစ်ဦးက ဖေဖော်ဝါရီ ၂၂ ရက်တွင် ပြောသည်။
”ခေါ်ဈေးကတော့ အိမ်ပါတဲ့ အနေအထားနဲ့ အချက်အချာကျမှုပေါ် မူတည်တယ်။ တောင်ကုန်းပေါ်ဆို ဈေးတစ်မျိုး၊ ရပ်ကွက်တွေ ရွာတွေဆို ဈေးတစ်မျိုးပေါ့” ဟု ကလော မြို့မှ အိမ်၊ ခြံ၊ မြေ အကျိုးဆောင်တစ်ဦးက ပြောသည်။
ကလောမြို့ အိမ်ဈေးများသည် အနည်းဆုံး ကျပ် သိန်း ၃ဝဝ မှ ကျပ် သိန်း ၂ဝဝဝ ကျော်အထိ ရှိကြောင်း ဟိုတယ်ဖွင့်၍ရသော အဆောက်အအုံများသည် ကျပ် သိန်း ၂ဝဝဝ ကျော် ဈေးရှိကြောင်း အောင်ပန်းနှင့် ရန်ကုန်မြို့မှ လုပ်ငန်းရှင်များက လာရောက်မေးမြန်းမှုများ ရှိကြောင်း ၄င်းက ပြောသည်။
”ဈေးတွေကသာ တအားတက်နေတာ။ လာတော့မေးကြပြီး အရောင်းအဝယ် ဖြစ်တာနည်းတယ်။ ဆယ်ခုမှာ တစ်ခုလောက်ပဲ အရောင်းအဝယ်ရှိတယ်”ဟု ၄င်းက ပြော သည်။
တောင်ပတ်လည် ဝိုင်းရံလျက်ရှိသော ကလောမြို့သည် ပြင်ဦးလွင်ကဲ့သို့ပင် အပန်းဖြေအနားယူစရာ တောင်ပေါ်မြို့အဖြစ် လူကြိုက်များပြီး လူဦးရေ သုံးသောင်းခန့် နေ ထိုင်သော မြို့တစ်မြို့ ဖြစ်သည်။
မေဇင်ဝင်း  

No comments:

Post a Comment