သာယာလှပ ရှမ်းပြည်အလှကိုဖော်ထုတ်နိုင်ရန် blog အတွက်လိုအပ်သော ဓာတ်ပုံ၊ ဆောင်းပါ၊ ဗဟုသုတ၊ ကဗျာ၊ စာပေနှင့် ရှမ်းပြည်အလှအပများကိုဖော်ကျူးလိုသော အချက်အလက်များအား masterghost2012@gmail.com ဆက်သွယ်ပေးပို့ခြင်းဖြင့် ပါဝင်ကူညီနိုင်ပါတယ်...

Tuesday, May 8, 2012

ငါ့ညရဲ့  အဓိပ္ပါယ်" (ချစ်သူ့ကဗျာ)

ငါ့ညထဲမှာ ကဗျာတစ်ပုဒ်
အသက်သွင်းတုန်း
နာရီက နှစ်ချက်ထမြည်တယ်လေ...
ညစဉ်ကြားရတဲ့
ဒီအသံကို အပြစ်မတင်ချင်ဘူး
တားမရတဲ့ လက်တွေကိုပြန်ပြီး
ရိုက်ချိုးချင်မိခဲ့...တယ်။
အမှောင်ဆိုတာ ငါ့ဘ၀အတွက်
မထူးဆန်းပေမဲ့
သူ့ကိုတော့ဆွဲမခေါ်ရက်ဘူးလေ....
အလင်းရှိရာကိုပဲ
ပို့ဆောင်ပေးချင်သူ....။
ဖြူစင်တဲ့ညတွေကိုလည်း
အရောင် မဆိုးရက်လို့
မနက်ခင်းအလင်း စောင့်မျှော်ရင်း
ငါ့ညရဲ့  အဓိပ္ပါယ်ကဗျာတွေထဲ
ဆက်လက်မျောပါ...သွားပြန်တယ်....။

No comments:

Post a Comment