သာယာလှပ ရှမ်းပြည်အလှကိုဖော်ထုတ်နိုင်ရန် blog အတွက်လိုအပ်သော ဓာတ်ပုံ၊ ဆောင်းပါ၊ ဗဟုသုတ၊ ကဗျာ၊ စာပေနှင့် ရှမ်းပြည်အလှအပများကိုဖော်ကျူးလိုသော အချက်အလက်များအား masterghost2012@gmail.com ဆက်သွယ်ပေးပို့ခြင်းဖြင့် ပါဝင်ကူညီနိုင်ပါတယ်...

Tuesday, July 3, 2012

ကလော တွင် ထင်းရှူးပင်များ ထူးထူးခြားခြား ပိုးကျ



Photo
ရှမ်းပြည်နယ်တောင်ပိုင်း ကလော မြို့နယ်တွင် ထင်ရှူးပင်များမကြုံ  စဖူးထင်းရှူးရွက်စားပိုးများအုပ်စု လိုက်တစ်တောချင်းစားသောက် ခြင်းကြောင့်ပျက်စီးမှုရှိနေကြောင်း
သိရသည်။
    ““ကလေးမြို့နယ်ကို ထင်းရှူး မြို့တော် သတ်မှတ်ထားတဲ့ တောင်ပေါ်မြို့လေးပီပီ သစ်တော ဦးစီးဌာန၊ ဌာနဆိုင်ရာတွေ၊ လူမှု ရေးအသင်းအဖွဲ့တွေ နှစ်စဉ်စု ပေါင်းသစ်ပင်စိုက်ပွဲတွေ ကျင်းပ တိုင်း ဒေသနဲ့
အသင့်တော်ဆုံး ဂေဟစနစ်ဝင် ထင်းရှူးပင်တွေ သစ်တောကြိုးဝိုင်း၊ ကြိုးပြင် တွေမှာ အဓိကထားထောင်သောင်း  စိုက်ပျိုးခဲ့ကြပါတယ်။ သြစတြေး လျမျိုး၊ ဂျပန်မျိုး၊ ရုရှားမျိုး၊ တရုတ် မျိုးစတဲ့နိုင်ငံခြားမျိုးတွေကိုလည်း စမ်းသပ်ရင်းသုတေသနစိုက်ကွင်း များ သတ်မှတ်စိုက်ပျိုးအောင်မြင် နေပါတယ်။ ထို့အတူ ထင်းရှူးပင် များမပျက်စီးစေရန်ကာကွယ်ခြင်း၊ ရှင်သန်ရန်ပြုစုခြင်း၊ ထင်းရှူးဆီ ခုတ်ထွင်ရောင်းချသူများကို ပညာ ပေးခြင်း၊ အရေးယူခြင်းများ ဆောင်ရွက်ပြီး အင်းလေးကန်ရေ ရှည်တည်တံ့ခိုင်မြဲရေး၊ ရေဝေရေ လဲဒေသရေအရင်းအမြစ် ကြိုတင် ကာကွယ်ပြီး အထူးဂရုစိုက် ကာကွယ်ပြုစုစိုက်ပျိုးနေတယ်””ဟု ကလောမြို့နယ်သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိ ဦးစိုင်းရွက်ဆိုင်က ပြောသည်။
    ““တစ်ခါမှ မကြုံဖူးပေမယ့် ရှေးလူကြီးတွေ ပြောတာတော့ ကြားဖူးတယ်။မိုးမှုန်သေးသေးလေး တွေ၊ ငါးရက်တစ်ပတ် ဆက်တိုက် ဖွဲနေရင် အဲဒီပိုးကျတတ်တယ်တဲ့၊ အမှန်က ဒီအချိန်ဟာ ရွက်နု သစ် ထွက်ပြီး ထင်းရှူးအဖူးတွေနဲ့ စိမ်း စိုစည်ပင်နေတဲ့အချိန်ပါ။ အခု တော့မိုးကလည်း နှစ်ပတ်၊ သုံးပတ် လောက်ရှိပြီ။ စွေဖွဲပြီး မှုန်မှုန်လေး တွေ ကျနေတာပိုးကတော့ ခူ ကောင်တစ်မျိုးပါပဲ။ တခြားခူ ကောင်တွေနဲ့မတူတာက သုံးလေး လက်မလောက်ရှည်ပြီးသူ့မှာ အမွေးလက်မ၀က်လောက်ရှည် တယ်။ အဖြူရောင်ပါ၊ နူးညံ့ တယ်၊ ဒါပေမဲ့ လူကိုစူးရင် ခြေမ တွေ၊ ခြေချောင်းတွေ ပုပ်သွား တဲ့အထိ အဆိပ်ရှိတယ်။ ထင်းရှူး ရွက်တွေပဲစားပြီး နှစ်ပတ်လောက် ကြာရင် အပင်အောက်ပြုတ်ကျ သေကုန်တယ်။ အဲဒီအပင် အောက်ကို ဘယ်သူမှ မသွားရဲကြ ပါဘူး။ တစ်ခုတော့ ကောင်းတယ်။ ထင်းရှူးခုတ်တဲ့လူတွေ ထင်းရှူးဆီ ခိုးထုတ်ရောင်းချတဲ့လူတွေ တစ်လနှစ်လ ပိုးကောင်တွေ၊ အမွှေးတွေ မပျက်စီးမချင်း၊ မ၀င်ရဲတော့၊ သဘာဝပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်းရာရောက်တယ်။ အရွက်တွေပြန်ထွက်မှာပါ။ ရွက်နုသစ်ချိန် နှစ်ခါဖြစ်သွားတာပေါ့။ အပင်တွေက
တော့သေသည်အထိ မခံရပါဘူး”” ဟု ထင်းရှူးပိုးစားခံထားသည့် သာ မိုင်းခမ်းသစ်တောကြိုးဝိုင်းအနီး သရက်ပုကျေးရွာက ရွာလူကြီး ဦးစိုင်းသန့်ဇင်ဟိန်းကပြောသည်။

No comments:

Post a Comment