သာယာလှပ ရှမ်းပြည်အလှကိုဖော်ထုတ်နိုင်ရန် blog အတွက်လိုအပ်သော ဓာတ်ပုံ၊ ဆောင်းပါ၊ ဗဟုသုတ၊ ကဗျာ၊ စာပေနှင့် ရှမ်းပြည်အလှအပများကိုဖော်ကျူးလိုသော အချက်အလက်များအား masterghost2012@gmail.com ဆက်သွယ်ပေးပို့ခြင်းဖြင့် ပါဝင်ကူညီနိုင်ပါတယ်...

Tuesday, July 3, 2012

ရွှေတိဂုံပုံတူစေတီ အောင်ပန်း၌ တည်ထား

နန်းတင်ထွေး
အတွဲအမှတ် (၂၅ ၊ အမှတ် ၄၈၉)
အမြင့် ၁၆၂ ပေရှိ ရွှေတိဂုံပုံတူစေတီ တစ်ဆူကို ရှမ်းပြည်နယ် အောင်ပန်းမြို့ တွင် တည်ဆောက်လျက်ရှိသည်။
ကျပ်သိန်းပေါင်း ၇,၆၀၀ ၀န်းကျင် ကုန်ကျမည် ဟု ခန့်မှန်းထားသော အောင်ချမ်းသာအမည်ရ
အဆိုပါ စေတီ တော်ကို အောင်ပန်းမြို့၊ အောင်ချမ်း သာ စာသင်တိုက် ဦးစီးဆရာတော် ဦးပညာဝံသက ဦးစီးကာ ၂၀၀၅ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်နေ့တွင် အုတ်မြစ်ချ ခဲ့သည်။
စေတီတော်အောက်ခြေတွင် ၁၆၂ ပေ အကျယ် လိုဏ်ခေါင်းတစ်ခု ပါဝင်မည် ဖြစ်ပြီး ၎င်းအထဲတွင် ၉ ပေ x ၆ ပေရှိ မုဒြာရုပ်ပွားတော် ရှစ်ဆူကို ဗုဒ္ဓ၀င် ပြခန်းအဖြစ် ထားရှိမည်ဖြစ်သည်။
"ဘုန်းကြီးတို့မြို့ကလမ်းဆုံကျတယ်။ ခရီးသည်တွေ၊အောက်ပြည်ကလူတွေလည်း အလည်ရောက်ကြတယ်။ သူတို့တွေက အောင်ပန်း မှာ ဘာလို့ ဖြစ်ဖြစ် မြောက်မြောက် ဘုရားတစ်ဆူ မရှိတာ လဲလို့ ခဏခဏမေးတာနဲ့ ဒီဘုရားကို တည်ဖို့ ဆုံးဖြတ်လိုက်တာပါ။ ဘုရား တည်မယ့်နေရာကို မိုင်းခွဲတုန်းကလည်း ရှေးဟောင်းဘုရားနှစ်ဆူ၊ သုံးဆူတွေ့ပါတယ်"ဟု ပအိုဝ်းဆရာတော် ဦးပညာဝံသက မိန့်ကြား သည်။
ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၄,၃၀၀ တွင် တည်ရှိသော အောင်ပန်း မြို့သည် ရှမ်းပြည်နယ်၏ ပြည်တွင်း ပြည်ပခရီးသည်များ လာရောက်လည် ပတ်ရာနေရာဖြစ်သော အင်းလေး-ပင်းတယလမ်းပေါ်တွင် တည်ရှိကာနွေရာသီစံနန်းတော်ဟု ထင်ရှားသောထင်ရှူး မြို့တော် ကလောမှခြောက်မိုင်သာဝေးပြီး ကုမ္ပဏီရုံးခွဲများ၊ ဘဏ်များ၊ ဒေသဆိုင်ရာထွက်ကုန်များ ရောင်းချ ရာ ပွဲရုံများ၊ အနယ်နယ် အရပ်ရပ်မှ ကုန်တင်ကားကြီးများဖြင့် စီးပွားရေး ဖွံ့ဖြိုးသော ဒေသခံတိုင်းရင်းသား ဓနု၊ ပအိုဝ်း၊ ပလောင်နှင့် တောင်ရိုးလူမျိုးများ နေ ထိုင်ရာမြို့လည်း ဖြစ်သည်။
စေတီတော်အတွက်ကျပ်သိန်းပေါင်း ၂,၀၀၀ သုံးစွဲပြီးဖြစ်ကာ စေတီတော်အနောက်ဘက် ပေ ၃၅၀ အကွာတွင် ကျပ်သိန်းပေါင်း ၁၂ဝ ကုန်ကျသော ရှင်းလင်းဆောင်တစ်ခု၊ သိန်း ၃၇၀ ကုန်ကျသော သံဃာတော်များ တည်းခို ဆောင်နှင့် အရှေ့ဘက်တွင် ကျပ်သိန်း ၇ဝ ကုန်ကျသော ၂၇ ပေ ပတ်လည် ပုံစံတူစေတီ ကိန်းဝပ်ရာ အဆောင် တစ်ခုတည်ဆောက်ပြီးဖြစ်သည်။

No comments:

Post a Comment