သာယာလှပ ရှမ်းပြည်အလှကိုဖော်ထုတ်နိုင်ရန် blog အတွက်လိုအပ်သော ဓာတ်ပုံ၊ ဆောင်းပါ၊ ဗဟုသုတ၊ ကဗျာ၊ စာပေနှင့် ရှမ်းပြည်အလှအပများကိုဖော်ကျူးလိုသော အချက်အလက်များအား masterghost2012@gmail.com ဆက်သွယ်ပေးပို့ခြင်းဖြင့် ပါဝင်ကူညီနိုင်ပါတယ်...

Tuesday, May 8, 2012

ရပ်စောက်-မန္တလေး ဇာတိမာန် အမြန်ယာဉ်လိုင်းဖွင့်လှစ်



 ရပ်စောက်-မန္တလေး ဇာတိမာန် အမြန်ယာဉ်လိုင်းဖွင့်လှစ်
                ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်မှာ ဒေသထွက်သီးနှံများစွာစိုက်ပျိုးပြီး၊ သရက်၊ လိမ္မော်၊ ပျားလိမ္မော် စသည်တို့နဲ့ ပြောင်းဖူးစေ့၊ ပဲစင်းငုံတို့လည်း ဈေးကွက်ရှိရာများသို့ တင်ပို့ရောင်းချလျက်ရှိပါတယ်။
ဖေဖော်ဝါရီ ၁ရက်က ရပ်စောက်-မန္တလေး ဇာတိမာန်အမြန်ယာဉ်လိုင်းအား စတင်ဖွင့်လှစ်ပြေးဆွဲခဲ့ပါတယ်။ အမြန်ယာဉ်လိုင်းမှ ရပ်စောက်မြို့ရှိ တာဝန်ခံတစ်ဦးနဲ့တွေ့ဆုံမေးမြန်းခဲ့ရာ ''ကျွန်တော်တို့ဒေသက လိမ္မော်သီး၊ ပျားလိမ္မော်၊ သရက်သီးစတဲ့ သီးနှံတွေကို ယခင်ကတောင်ကြီးမြို့သို့ရောင်းချပြီး၊ တောင်ကြီးပွဲရုံများမှတစ်ဆင့် ဈေးကွက်ရှိရာ မန္တလေးမြို့၊ မိတ္ထီလာမြို့များသို့ ပြန်လည်တင်ပို့ရောင်းချကြတာ ဖြစ်ပါတယ်။
                  အခုလို ရပ်စောက်-မန္တလေးယာဉ်လိုင်းဖွင့်လှစ်တဲ့အတွက် ဈေးကွက်ရှိရာ မန္တလေးမြို့သို့ တောင်သူ၊ ခြံရှင်များ တိုက်ရိုက်တင်ပို့နိုင်တဲ့ အခွင့်အရေးတွေရလို့ ဈေးနှုန်းပိုမိုရရှိခြင်း၊ နေ့ချင်းရောက်အောင် ပို့ဆောင်တဲ့အတွက် သီးနှံများ လတ်ဆတ်မှုရှိလို့ ဈေးနှုန်းပိုလာခြင်းစတဲ့ အကျိုးကျေးဇူးတွေခံစားရတော့မှာဖြစ်ပါတယ်'' လို့ဆိုပါတယ်။ ရပ်စောက်-မန္တလေး ဇာတိမာန်အမြန်ယာဉ်လိုင်းရုံးခန်းမှာ မန္တလေးမြို့၊ ကျွဲဆည်ကန်၊ ESE  ခရီးသည် ပို့ဆောင်ရေး တွင်ရှိပြီး ယာဉ်စီးခမှာ ၇၅ဝဝ ကျပ်ဖြစ်တယ်လို့သိရှိရပါတယ်။ အောင်ကျော်

No comments:

Post a Comment