သာယာလှပ ရှမ်းပြည်အလှကိုဖော်ထုတ်နိုင်ရန် blog အတွက်လိုအပ်သော ဓာတ်ပုံ၊ ဆောင်းပါ၊ ဗဟုသုတ၊ ကဗျာ၊ စာပေနှင့် ရှမ်းပြည်အလှအပများကိုဖော်ကျူးလိုသော အချက်အလက်များအား masterghost2012@gmail.com ဆက်သွယ်ပေးပို့ခြင်းဖြင့် ပါဝင်ကူညီနိုင်ပါတယ်...

Sunday, May 13, 2012

အုန်းနို့ခေါက်ဆွဲ


အုန်းနို့ခေါက်ဆွဲချက်ကျွေးမယ်။ အုန်းနို့ခေါက်ဆွဲဆိုတာ အုန်းသီးခွဲ၊ ညှစ်အုန်းဟဲ့ နဲ့ အတော် လက်ဝင်တဲ့ အမျိုး။ ဒီမှာတော့ မဟုတ်ပေါင်။ လတ်လတ်ဆတ်ဆတ်အုန်းနို့တော့ ဘယ်ဟုတ်မလဲ။ ဗူးတွေနဲ့ရောင်းတဲ့ အုန်းနို့လဲ အလုပ်ဖြစ်တာဘဲ။
သွေးတိုး၊ ဆီးချို ရှိတဲ့ လူတွေကတော့ အုန်းနို့ခေါက်ဆွဲ သိပ်မစားသင့်ဘူး။ ဗူးတွေနဲ့လာတဲ့ အုန်းနို့ကတော့ အဆီထုတ်ပြီးသားပြောတာဘဲ။ ဘာပဲဖြစ်ဖြစ်လေ အုန်းနို့ခေါက်ဆွဲကတော့ စားကောင်းတာ အမှန်ဘဲ။ မုန့်ဟင်းခါးကတော့ ပိုလူကြိုက်များတာပေါ့။ သဘောတူမတူတော့ မသိ။ ချက်ချက်တို့တော့ အကုန်ချက် စားပြစ်တာဘဲ။ ငယ်တုန်း စားနိုင်တုန်း စားရတာ။ ဒီအထဲမယ် ဘဲသွေးဖြစ်ဖြစ် ပဲသွေးဖြစ်ဖြစ် ဒါကတော့ဒီနိုင်ငံမှာ တော်ရုံ မရနိုင်ဘူး ဆရာ့။




ပါဝင်တဲ့ အမျိုးအစားတွေက လူဆယ်ယောက်စာ အတွက်ဆိုရင် -
၁။ အုန်းနို့ဗူး ၂ ဗူး
၂။ ကြက်သွန်နီအသေး ၁၀ လုံး
၃။ ငါးဖယ်
၎။ ကြက်ဥ ၅ လုံး
၅။ ကြက်သွန်နီ အလုံးကြီး ၂ လုံး
၆။ ကြက်သွန်ဖြူ ၆ မွှာ
ရ။ ငံပြာရည်
၈။ ကြက်သား ကီလိုဝက် ( အရိုးအသား)
၉။ နံနံပင်
၈။ သကြား
၁၀။ မုန့်ကြွပ်ကြော်
၁၁။ ကြက်ဥ ဂျုံခေါက်ဆွဲ
၁၂။ ပဲမှုန့်စိမ်း ၁၀၀ ဂရမ် (အများကြီး မထည့်ပါနဲ့။ ပဲမှုန့်များရင် ဟင်းရည်က တအားပြစ်ချွဲချွဲ ဖြစ်ပါတယ်။) တချို့ကတော့ ကုလားပဲကို ပြုတ်ပြီး လုပ်ပါတယ်။ ပိုကောင်းတာပေါ့။

ပထမဆုံး ကြက်သားကို အရိုးအသားခွဲပြီး အရိုးတွေကို အိုးထဲထည့် ရေအေး နဲ့ စပြုတ်ထားပါ။ အဲ့ဒီအထဲကို ဆနွင်း အနည်းငယ်၊ ဆား၊ အချိုမှုန့် အနည်းငယ် နဲ့ ငံပြာရည် လက်ဖက်ရည် အကြမ်းပန်းကန်လုံး တ၀က် လောက် ထည့်ပြီး ပြုတ်ထားလိုက်ပါမယ်။ ကြက်ပြုတ်ရည် ဆူလာရင် အခွံသင်ထားတဲ့ ကြက်သွန်နီအသေး ကို ထည့်လိုက်ပါ။ နောက် ကြက်ဥ ၅လုံးကိုလဲ ပြုတ်ပြီးရင် အခွံခွာပြီး စိတ်ကြိုက် အရွယ်အစား လေးတွေလှီးထားပါ။ ကြက်သားကို အနေတော် အတုံးလေးတွေ လှီးပြီးရင်တော့ မီးဖိုပေါ်မှာ ကြက်သွန်နီဖြူ ငရုပ်သီး အရောင်တင်မှုန့်နဲ့ ဆီသတ်ဖို့ပြင်ရပါမယ်။ အုန်းနို့ ၂ဗူးကို ဖောက်ပြီးရင်တော့ အိုးအသန့်တလုံးထဲမှာ ထည့် မီးဖိုပေါ်မှာ တပွက်ဆူအောင် တည်ပေးပါ။ အခုနက ကြက်ပြုတ်ရည်ဆူနေတဲ့အထဲကို အရည်ဖျော်ထားတဲ့ ပဲမှုန့်စိမ်း ထည့်ပေးပါ။ မွှေပေးနေပါ။ အစိမ်းနံပျောက်လာပြီး ပဲနံလေး မွှေးလာရင် ဆီသတ်ထားတဲ့ ကြက်ကို ထည့်ပေးပါ။ နောက် တပွက် ထပ်ဆူလာရင်တော့ အခုနက တပွက်ဆူ အုန်းနို့လေးကို ထည့်ပေးပါ။ မဝေကျအောင် မွှေပေးပါ။ နောက် အပေါ့အငံမြည်းပြီး သကြားအချိုကို လိုသလောက် ထည့်ပေးနိုင်ပါတယ်။ ကြက်ဥပြုတ်လှီးထားတာလေးကို နောက်ဆုံးထည့်ပြီး ဟင်းရည်ပွက်အောင် ထားပေးပါ။ အုန်းနို့ခေါက်ဆွဲက တအားပွက်လာပြီဆိုရင်တော့ မီးအရှိန်နဲနဲလေးနဲ့ ဟင်းရည်ကို ပွက်နေပါစေ။ ဒါပေမဲ့ ခနခန မွှေမပစ်ပါနဲ့။ အုန်းနို့တွေ အပေါ်ကို တက်လာနေလို့ပါဘဲ။
ငါးဖယ်လဲ ရနိုင်မယ် ကြော်ထားနိုင်မယ်ဆိုရင်တော့ ကောင်းတာပေါ့လေ။ တချို့ကတော့မုန့်ကြွပ်ကြော်လေးထည့်စားတယ်။ ဒါဆို ချက်ချက်တို့က ဆန်ပြားခြောက် ကို ကြော်လိုက်တာဘဲ။ ကြက်သွန်နီပါးပါးလှီးထားတာလေးကတော့ အုန်းနို့ခေါက်ဆွဲမှာ မပါမဖြစ်။ တချို့ကတော့ ကြက်သွန်နီဖတ်ကို မုန်းကြတယ်။
ပြီးရင်တော့ခေါက်ဆွဲကို ဟင်းရည်နဲ့ မုန့်ကြွပ်ကြော်လေးထည့်၊ ငါးဖယ်ကြော်လေး၊ ကြက်သွန်လှီးထားတာလေး ထည့်ပြီး အချည်အငံအစပ် ကြိုက်သလို စပ်ပြီး စားနိုင်ပြီပေါ့။ စားကောင်းကြပါစေ။

No comments:

Post a Comment