သာယာလှပ ရှမ်းပြည်အလှကိုဖော်ထုတ်နိုင်ရန် blog အတွက်လိုအပ်သော ဓာတ်ပုံ၊ ဆောင်းပါ၊ ဗဟုသုတ၊ ကဗျာ၊ စာပေနှင့် ရှမ်းပြည်အလှအပများကိုဖော်ကျူးလိုသော အချက်အလက်များအား masterghost2012@gmail.com ဆက်သွယ်ပေးပို့ခြင်းဖြင့် ပါဝင်ကူညီနိုင်ပါတယ်...

Wednesday, April 4, 2012

ခွန်အား စိတ်ဓာတ် II



ငါဟာ ချွတ်ယွင်းချက်အပြည့်နဲ့ လူတစ်ယောက်ပါ
ငါ့ကိုငါ အနှစ်ချုပ်ကြည့်တော့
ငါ့မှာ မပြည့်ဝတဲ့ စရိုက်လက္ခဏာရှိတယ်။
အထီးကျန်ဆန်တဲ့ လူ့ဘဝရှိတယ်။

စရိုက်လက္ခဏာက မွေးရာပါ
ပြောင်းလဲချင်တိုင်း ပြောင်းလဲလို့ မရနိုင်ဘူးဆိုပေမယ့်
ကိုယ့်ကိုယ်ကို မကြာခဏ အနှစ်ချုပ်ကြည့်မယ်
ကိုယ့်ကိုယ်ကို မကြာခဏ ဝေဖန်ပိုင်းခြားမယ်
ကိုယ့်ကိုယ်ကို မကြာခဏ ဆန်းစစ်မယ်
ကိုယ့်ကိုယ်ကို မကြာခဏ သတိပေးမယ်
ကိုယ့်ကိုယ်ကို မကြာခဏ လှုံ့ဆော်မယ်..... ဒါတွေကို ငါလုပ်လို့ရတယ်။
ဒီလိုမှမဟုတ်ရင်.
...
အထီးကျန်တဲ့ဘဝကို ငါပိုင်ရုံမက
ရှုံးနိမ့်တဲ့ဘဝကိုလည်း ငါပိုင်ရလိမ့်မယ်။

တစ်ခုကောင်းတာက....
သင်ယူလေ့လာရတာကို ငါနှစ်သက်တယ်
စဉ်းစားတွေးတာရတာကို ငါနှစ်သက်တယ်
လူကောင်းတစ်ယောက်ဖြစ်ဖို့ ငါကြိုးစားတယ်
ဒါတွေက ငါ့ဘဝရဲ့မပြည့်စုံခြင်းတွေကို ဖာထေးပေးတယ်။
.

No comments:

Post a Comment