သာယာလှပ ရှမ်းပြည်အလှကိုဖော်ထုတ်နိုင်ရန် blog အတွက်လိုအပ်သော ဓာတ်ပုံ၊ ဆောင်းပါ၊ ဗဟုသုတ၊ ကဗျာ၊ စာပေနှင့် ရှမ်းပြည်အလှအပများကိုဖော်ကျူးလိုသော အချက်အလက်များအား masterghost2012@gmail.com ဆက်သွယ်ပေးပို့ခြင်းဖြင့် ပါဝင်ကူညီနိုင်ပါတယ်...

Wednesday, April 4, 2012

ကိုယ်.နိုင်ငံကို ချစ်ကြသော ချစ်နည်း(၂)မျိုး


သဘာဝတရားက အမြဲတမ်း ၂မျိုးဆီ ဖန်တီးပေးထားတယ်။လူဆိုယင် တောင် ယောကျာင်္
မိန်းမ (၂)မျိုးရှိတတ်ပါတယ်။မျက်လုံးဆိုယင် လဲ ၂လုံးရှိတယ်။လက် ခြေထောက်....
နောက်ဆုံ လက်ချောင်းလေတွေ့တောင် လက်မဆို၂ခုရှိတယ်။မောင်လူလတ် ခုချိန်ထိ
ဖေဘွတ်မှာ လေ့လာကြည့်သလောက် အမိမြန်မာပြည်ကို...ချစ်နည်းက(၂)နည်းတွေ့

ရတယ်။ခုခေတ်မှာကတော့...နိုင်ငံမချစ်လဲ ပြသာနာမရှိကြတော့ပါဘူး။နေစရာနိုင်ငံ
တွေ့က ပေါတာကို။ပြောတာတောင်မှ ကောင်းတာပြောတာရှိသလို ဆိုးတာပြောတာလဲ
ရှိတာပါပဲ။ကိုယ်ချစ်တဲ့ အရာကို ဘယ်လိုလူတွေ့က မကောင်းပြောဖူးပါသလဲ။
ကိုယ်နိုင်ငံ ကို ရစရာမရှိအောင်ပြောပီးတော့ ချစ်လို့ပြောနေတာလို့ပြောယင်
ဘယ်လိုနားလည်ရမလဲ။ရစရာမရှိအောင်ပြောပီး ချစ်လို့ခုလိုပြောနေတာ။ချစ်လို့
ပြောတာကိုပဲ မောင်လူလတ်တို့ကကျေဇူးတင်ရမလိုဖြစ်နေပါပီး။ဟုတ်ပါပီး..ဒီတော့
ချစ်လိုပြောတယ်လိုပဲမှတ်ထားလိုက်ပါမယ်။ဘယ်လိုချစ်တယ်ဆိုတာတော့ကွာဦးမှာပါ။
လူမျိုးကို ချစ်ရမယ်။နိုင်ငံကိုချစ်ရမယ်။ဒါမှ လူဓလေ့လူသဘာဝ။မချစ်ယင်ဘာဖြစ်လဲ။
မချစ်ယင် ကိုယ်နိုင်ငံ ကိုယ်လူမျိုးပျောက်သွားမှာပေါ့။မြေမြိုယင် လူမျိုးမပျောက်သွားပါဘူး။
လူမြို့မှ လူမျိုးပြုတ်မှာ။ ချစ်ပါတယ်လို့ ပြောနေတဲ့လူတွေမှာ ချစ်နည်းက ၂မျိုးရှိတယ်။
နံပါတ်(၁) ဦးနှောက်နဲ့ ချစ်တာ
နံပါတ်(၂)အသည်းနှလုံးနဲ့ချစ်တာ
(၁)ဒီခေတ်ကြီးမှာတော့ နိုင်ငံကို ဦးနှောက်နဲ့ချစ်တဲ့လူတွေ့ခက်များများပါ။နယ်ပယ်ပေါင်းစုံ လူပေါင်းစုံမှာရှိနေတယ်။ နိုင်ငံ တိုးတတ်မှ ငါတို့နိုင်ငံ လို့ကြွားချင်ကျတယ်။ တခြားလူမျိုးတွေ့အလယ်မှာ မြန်မာက ပါလို့ ပြောရမှာရှက်နေကြတယ်။တဖက်မှာလဲ ကိုယ်နိုင်ငံက တိုးတတ်ယင်ပီးရော....
ကျန်တာမသိဘူး။မတိုးတတ်သေးယင်ဘာ လုပ်မလဲ တိုးတတ်တဲ့
နိုင်ငံမှာ နေလို့ရနေတာပဲ။အဲလိုလူတွေ့က အရာရာကို ဦးနှောက်နဲ့တွေးတယ်
သူများနိုင်ငံမှာ ရှိပီး ကိုယ်နိုင်ငံမှာ မရှိသေးတာကို လိုချင်ကြတယ်။အဲတော့ ဘယ်အရာဖြစ်ဖြစ် သူတို့က နောက်ကျနေတယ်လို့ခံစားနေကြရတဲ့ ဝေဒနာကို
ဘ၀တလျှောက်လုံးခံစား နေကြရမှာ မလွဲပါ။ဒီလို လူမျိုးကတော့ အများဆုံးက
ပညာတတ်တွေ့ဖြစ်နေကြတယ်။ လူတွေ့က ပညာတွေ့ တတ်လာယင် အရာရာကို
နှလုံးသားနဲ့ မတွေးတတ်တော့ဘူး။ အရာရာကိုဦးနှောက်နဲ့ဆုံဖြတ်တတ်လာတယ်။
နောက်ဆုံး ချစ်တာတောင်မှ ဦးနှောက်နဲ့ပဲ ချစ်တတ်လာတယ်။စဉ်းစားနည်းမှာ
ဦးနှောက်နဲ့စဉ်းစားမှာလား နှလုံးသားနဲ့စဉ်းစားမှာလား။ ခေတ်မှီလာတဲ့
ခေတ်ထဲမှာ အရာရာတိုင်းနီးပါဟာ ဦးနှောက်နဲ့ပဲဆုံဖြတ်လာကြတော့တယ်။
ဦးနှောက်နဲ့ ဆုံဖြတ်လာတော့...ဘာဖြစ်လဲ။ကိုယ်ချင်းစာတရားဆိုတာမရှိတော့ဘူး။
ငါသာ သူနေရာရောက်ယင် ဘယ်လိုလဲဆိုတာကို သူနေရာမှာ တစ်မိနစ်လောက်လေနဲ့
စိတ်ထဲကနေ ခဏလေးနေကြည်လိုက်ယင် သူကို တစ်မိနစ်စာလောက်နားလည်လားလိမ့်
မယ်။အဲတော့..ဦးနှောက်နဲ့ချစ်တဲ့လူတွေ့အတွက်ကအရာရာကအမြဲတမ်းလိုအပ်ချက်
ရှိနေမှာပါ။အမေရိကမှာနေပီးယင် အဲထက်ကောင်းတဲ့ နေရာကိုနေလာချင်တော့မှာပါ။
နောက်ဆိုယင် မြန်မာလူမျိုး အဂါင်္ဂြိုလ်ပေါ်ရောက်ယင်တော့မောင်လူလတ်တိုက
ဂုဏ်ယူရဦး မှာပေါ့။
(၂)ဒုတိယချစ်နည်းကတော့..တော်တော်ကိုရှားသွားပါပီး။ဒီလိုလူမျိုးတွေ့အတွက်တော့
အရာရာက သူတို့အတွက် အရမ်းကို မြန်ဆန်တယ်လို့ထင်နေကြရတယ်။
ခေတ်ကလဲမြန်လိုက်တာ....ငါတို့ငယ်ငယ်တုန်းကဆို ဘယ်လိုဆိုပီး တိုးတတ်တာတွေ့
မြင်ပီးတမ်းတတတ်ကြတယ်။ဒီလိုလူမျိုးတွေ့ကတော့ အသည်းနှလုံးနဲ့ချစ်ကြတယ်။
လျှာပေါ်မြက်ပေါက်ပါစေ။မြန်မာနိုင်ငံကြီးမတိုးတတ်လဲ...မြန်မာမှာပဲသေမယ် နေမယ်ဆိုပီး
အမျိုးဘာသာနဲ့ပတ်သတ်လာယင် မာန်မာနကြီးကြတယ် မြန်မာဓလေ့မြန်မာအစားအစား
နဲ့ဝေးကွာနေယင် အမြဲတမ်းတမ်းတနေတတ်တယ်။မောင်လူလတ် အဖွားဆိုယင်
မောင်လူလတ်တို့ မြို့ကိုလာယင် ဖင်ပူအောင်တောင်မနေနိုင်ဘူး...
ခေတ်ထက် ဓလေ့ကို ပိုတန်းဖိုးထားတယ်။အသည်းနှလုံးနဲ့နိုင်ငံချစ်ပါတယ်ဆိုတဲ့
လူတွေ့ကတော့ ဒုံးပျံဖင်ခွစီးထားတဲ့ ခေတ်ကြောင့် သူတို့ဟာ အရာရာထက်
အမြဲရှေ့ရောက်တယ်လို့ထင်နေကြတယ်။
မောင်လူလတ်(ခေတ္တ-ဖေဘွတ်)
မှတ်ချက်။ ။ယောကျာင်္မိန်းမ အပြင်ကို ဟိုမရောက်ဒီမရောက်လဲရှိတတ်ပါတယ်။
အလားတူပဲ ၂မျိုးလုံးချစ်ပါတယ်ဆိုတဲ့လူလဲရှိနိုင်ပါတယ်။



မှတ်ချက်။      ။အွန်လိုင်းမှ ဖတ်မှတ်သမျှ ပြန်လည် မျှဝေခံစားခြင်းဖြစ်ပါတယ်။

No comments:

Post a Comment