သာယာလှပ ရှမ်းပြည်အလှကိုဖော်ထုတ်နိုင်ရန် blog အတွက်လိုအပ်သော ဓာတ်ပုံ၊ ဆောင်းပါ၊ ဗဟုသုတ၊ ကဗျာ၊ စာပေနှင့် ရှမ်းပြည်အလှအပများကိုဖော်ကျူးလိုသော အချက်အလက်များအား masterghost2012@gmail.com ဆက်သွယ်ပေးပို့ခြင်းဖြင့် ပါဝင်ကူညီနိုင်ပါတယ်...

Wednesday, April 4, 2012

တရားရှိ .... မရှိ တိုင်းတာနည်း




တရားမရှိသူက ယူရတာကို ပျော်တယ် ......

တရားရှိသူက လှူရတာကို ပျော်တယ် .......

တရားမရှိသူက ငါကောင်းစားဖို့လှူတာ .....

တရားရှိသူက လောကကောင်းစားဖို့လှူတာ ........

တရားမရှိသူက လူအထင်ကြီးဖို့လှူတာ .......

တရားရှိသူက လောဘကုန်ဖို့လှူတာ .........

တရားမရှိသူက ကမ္ပည်းထိုးပေးတဲ့ နေရာလှူတယ် .....

တရားရှိသူက တကယ်လိုအပ်တဲ့ နေရာလှူတယ် .....

တရားမရှိသူက ကျော်ကြားတဲ့သူကိုမှ လှူတယ် .........

တရားရှိသူက ဒုက္ခရောက်နေတဲ့သူကိုမှ လှူတယ် .....

တရားမရှိသူက လှူတာနည်းတယ် ...... မျှော်လင့်ချက်ကများတယ် .....

တရားရှိသူက လှူတာကများတယ် .... မျှော်လင့်ချက် ဘာမှမထားဘူး ..... ။

မှတ်ချက်။   ။by ...မေတ္တာရှင် ( ရွှေပြည်သာ ) ရှင်ဇ၀န

No comments:

Post a Comment