သာယာလှပ ရှမ်းပြည်အလှကိုဖော်ထုတ်နိုင်ရန် blog အတွက်လိုအပ်သော ဓာတ်ပုံ၊ ဆောင်းပါ၊ ဗဟုသုတ၊ ကဗျာ၊ စာပေနှင့် ရှမ်းပြည်အလှအပများကိုဖော်ကျူးလိုသော အချက်အလက်များအား masterghost2012@gmail.com ဆက်သွယ်ပေးပို့ခြင်းဖြင့် ပါဝင်ကူညီနိုင်ပါတယ်...

Friday, April 27, 2012

သံချပ်များ

ရွှေဥမင်ဂူ ကလောသူ စောစောအိပ်ပြီး စောင်ထူထူ ကျောက်ခေတ်လူ ကျောက်ခေတ်လူ ...

ပင်းတယသူလဲ စကားဝဲ ဘုတ်တလုပ်ကန်ထဲ ဒူးတုတ်လဲ ရေအိုးကွဲ ရေအိုးကွဲ ...

ပင်လောင်း နောင်တရား လက်ဖက်ခူးထား မိုးယား ဇတ်များ မီးလှော်ထား ရောင်းကောင်းလား ရောင်းကောင်းလား ...

အနွေးထည်ပါးပါး အောင်ပန်းသား ၀ီစကီနဲ့နွေးထွေးသွား ကြားပွဲစား ကြားပွဲစား ...

ခြေသလုံးတုတ်တုတ် ဖိုးဝရုပ် ဟဲဟိုးသူမငါနဲ့ရှုပ် အာလူးပြုတ် အာလူးပြုတ် ...

ဆိုက်ကားစီးသွား ရွှေညောင်သား ရထားဆီသွား နောက်ကျသွား တန်စီးထား တန်းစီးထား ..

ဖောင်တော်ဦးဘုရား ရွှေအင်းသား ငါးရှဥ့်ဆေးခါးများများစား သောက်ရေကျား သောက်ရေကျား

တင်းတိတ်ထူထူတောင်ကြီးထူ ကုက္ကူဘုရားမှာ တောင်းဆုယူ ကြက်သွန်ဖြူ ကြက်သွန်ဖြူ ...

ဟိုပုံးရေထွက် ကုန်ကားပျက် သနပ်ဖက်ပွဲရုံ ဖုန်းဆက်ခဲ့ လမ်းလျှောက်တဲ့ လမ်းလျှောက်တဲ့ ..

ကျောက်တလုံးသားကြီး ထော်လာဂျီစီး ဘောင်းဘီးခါးစီးကျလုနီး လိမ္မော်သီး လိမ္မော်သီး ..

Credit : တောင်ကြီးတန်ဆောင်တိုင်ည သီချင်းမှ ..

ရခိုင်လူမျိုးတို့၏ ရင်နင့်ဖွယ်ရာ သမိုင်းဖြစ်ရပ်မှန် (သို့မဟုတ်) ဘင်္ဂလီကုလား ရိုဟင်ဂျာအမည်ခံသူများ ရက်စက်ပုံ


မင်းတို့ဒီသမိုင်းကို သိ့မှ ကလားနဲ့ အိမ်ထောင်ပြုမယ်ဆိုတဲ့သူတွေ ကုလားဆိုင်ကိုအားပေးနေတဲ့သူတွေ အပေါင်းသင်းလုပ်နေတဲ့သူတွေ စဉ်းစားကြပါ ကုလားကိုတိုင်းရင်းသားစာရင်းထဲ ထည့်ဖို့တောင်းဆိုတာကတော့ကွာာာာာ.....

ရခိုင်လူမျိုးတို့၏ ရင်နင့်ဖွယ်ရာ သမိုင်းဖြစ်ရပ်မှန် (သို့မဟုတ်) ဘင်္ဂလီကုလား ရိုဟင်ဂျာအမည်ခံသူများ ရက်စက်ပုံ


(၁၉၄၂)ခုနှစ် ကုလားရခိုင် အဓိကရုဏ်း စတင်ဖြစ်ရခြင်း အကြောင်းတရားကား စစ်တွေမြို့မှ စတင်ဖြစ်ပွားလေသည်။ အင်္ဂလိပ်တပ်ဖြစ်သော ရာခ်ျပုကုလားစစ်သားများက ရခိုင်အမျိုးသမီးများကို အဓမ္မပြုကျင့်ကာ ရခိုင်အမျိုးသားများကို ကုလားအရပ်သားများနှငိ့ ပူးပေါင်း၍ အနိုင်ကျင့် နှိပ်စက်သတ်ဖြတ်ရာမှ မခံမရပ်နိုင်ဖြစ်ပြီး စတင်ဖြစ်ပွားလာရခြင်းဖြစ်လေသည်။ ယင်းပြသနာသည် မြေပုံမြို့နယ်၊မင်းပြားမြို့နယ်၊ မြောက်ဦးမြို့နယ်၊ ကျောက်တော်မြို့နယ်များသို့ ကူးစက်သွားသည်။


တာတက်ပွဲတော် အကြောင်း

တာတက်ပွဲတော်သည် ဓနု၊တောင်ရိုးတိုင်းရင်းသားတို့
၏ ရိုးရာပွဲတော်များအနက် စိတ်ဝင်စားဖွယ် အကောင်းဆုံး ပွဲတော်တစ်ခုဖြစ်သည်။ တာတက်ပွဲသည် နှစ်သစ်ရက်ကို ပွဲတော်နေ့အဖြစ် ရာသက်ပန်သတ်မှတ်ထားသည်။

9/11 လိမ်လည်မှုကြီး နှင့် နောက်ကွယ်က ဖြစ်ရပ်မှန် များ Posted by မိုဟ်စင်




ကမ္ဘာ့ အကြမ်းဖက်အဖွဲ့အစည်းတွေ အပေါ် မျက်စိဒေါက်ထောက် ကြည့် နေကြတဲ့အနောက် နိုင်ငံက လေ့လာစူးစမ်းသူတွေဟာကမ္ဘာ့ ကုန်သွယ် ရေးစင်တာနဲ့ ပင်တဂွန်တို့အပေါ် တိုက်ခိုက်တဲ့ဖြစ် ရပ်ကို လေ့လာဆန်းစစ်ကြည့်ကြပြီး ချက်ချင်းပဲ ဒီ လုပ်ရပ်ဟာ အိုစာမာဘင်လာဒင်နဲ့ အလ်ကိုင်ဒါတို့ လက်ချက်ဖြစ်တယ်ဆိုတာကို ပယ်ချခဲ့ကြပါတယ်။
ဒါပေမဲ့ ဇီယွန်ဝါဒီတွေချုပ်ကိုင်ထားတဲ့ မီဒီ ယာလောကဟာ ဒီလိုဆန်းစစ်တွေ့ရှိတဲ့အချက်တွေ ကို မျက်ကွယ်ပြုခဲ့တဲ့အပြင် ဖုံးကွယ်ဖာထေးပြီးအလိမ် အညာ လုပ်ဇာတ်တွေ ကိုသာဖန်တီး ၀ါဒဖြန့်ခဲ့ပါတယ်။ အ ရှင်းဆုံးတွေ့ရှိချက်တစ်ခုကတော့ စက် တင်ဘာ ၁၁ တိုက်ခိုက်မှုအတွက် လိုအပ်တဲ့ကျွမ်း ကျင်မှုတွေ၊ နည်းပညာတွေဟာ ဘင်လာဒင်နဲ့ အလ်ကိုင်ဒါမှာ မရှိဘူးဆိုတဲ့အချက်ပါပဲ။
တို့ရိုးရာ တို့စကား.......၀ဲတဲ့စကားသံ တစ်မျိုးလေး ချစ်စရာလေ.............

( ၁ ) ငမ်း=အကြွေးယူသည်။ ( ငါဆန်ငမ်းလာတယ် )
( ၂ ) ချို=ကောင်းသည်။ ( ထမင်းစားချိုသည် )
( ၃ ) ကဲ=ကြိုးစားသည်။ ( မောင်လှသည် အလုပ်ကဲသည် )
( ၄ ) တိ=ညီအောင်ဖြတ်သည်။ ( ၀ါးလုံးကို တိပေးပါ )
( ၅ ) ညံ့=နုသည်၊နူးညံ့သည်။ ( အ၀တ်သည် အလွန်ညံ့သည် )

Friday, April 20, 2012

ကျွန်မရဲ့ မြန်မာပြည်ခရီးစဉ် (ပင်းတယ၊ ကုံလုံ )


ခရီးက သွားတော့သာ ၁၂ ရက်ထဲရယ်နော်... မလိခတို့ ချဲ့ရေးနေပုံများ... တစ်နှစ်လောက်ကြာတယ်..(အဲလို ခုထိတော့ ဘယ်သူမှ မပြောပါဘူး... ကိုယ့်ဘာသာကို ပြောတာ...ဟဲဟဲ)...

ဒီနေ့ မနက် အိပ်ရာထရေချိုးပြီး.. ညကတည်းက သိမ်းထားပြီးသား အိတ်တွေဆွဲပြီး ဆင်းလာတော့ အောက်ထပ်မှာ ဦးလေးက အဆင်သင့်စောင့်နေပြီ...။

Friday, April 6, 2012

စွမ်းအင်တန်ခိုး ရရှိစေသော အကြောင်းအရာ 10ခု

ဘ၀မှာ မိမိ စိတ်ကို မိမိ အရင် ထိန်းချုပ်နိုင်မှာသာ အခြား အရာများကို အောင်မြင်နိုင်မှာပါ မိမိစိတ်ကို မိမိ ထိန်းချုပ်နိုင်ရင် တန်းခိုး အင်အား ကြီးမားသူတစ်ယောက်အဖြစ်လည်း ဆိုကြပါတယ်.....
(၁) တိကျသော ရည်ရွယ်ချက် ထားရှိခြင်း၊
(၂) ဆုံးဖြတ်ချက် အမြန်ချမှတ်ခြင်း၊ (ဒွိဟစိတ် မရှိခြင်း)
(၃) ကိုယ်ကျင့်တရား ခိုင်လုံခြင်း၊ (ရိုးသားမှု)
(၄) မိမိစိတ်၏ လှုပ်ရှားမှုကို တင်းကျပ်စွာ အုပ်ထိန်း ချုပ်တည်းနိုင်ခြင်း၊
(၅) အကျိုးပြု လုပ်အားပေးမှုပြုရန် စိတ်အားထက်သန် စွဲမြဲနေခြင်း၊
(၆) မိမိ လုပ်ငန်းစဉ်များကို ကောင်းစွာ သိနားလည်ခြင်း၊
(၇) အရာခပ်သိမ်းတို့ အပေါ်မှာ သည်းခံနိုင်စွမ်း ရှိခြင်း၊
(၈) မိမိလုပ်ဖော်ကိုင်ဖက် အပေါင်းအသင်းများအပေါ် သစ္စာရှိခြင်းနှင့် ဘာသာတရားအပေါ် ယုံကြည်ခြင်း၊
(၉) အသိပညာများကို စွဲစွဲမြဲမြဲ ရှာမှီးလိုစိတ်ရှိခြင်း၊
(၁၀) စိတ်ကူးကြံစည်မှု အာရုံကို မျက်ခြည်မပြတ် စောင့်ကြည့်နိုင်စွမ်းရှိခြင်း။
 


 မှတ်ချက် ။    ။သိသမျှ ဖတ်သမျှ ပြန်ဝေငှတာပါ....

ရှမ်းပြည် နှင့် ရှမ်း လူမျိုးများ အကြောင်း


ဘုရင့်နောင် ရှမ်းပြည်သို့ချီတက်ခြင်း
ဘုရင်နောင် အင်းဝကိုရပြီးနော်က အုံးပေါင်ခွန်မှိုင်းစားသော စဥ့်ကူးမြို့ကို ရေကြောင်းဆန်၍ လုပ်ကြံစေပြန်သည်။ မြန်မာသက္ကရာဇ် ၉၁၆၊ အေဒီ (၁၅၅၄) ခုနှစ် တပေါင်းလခန့်တွင် ဗန်းမော်ရှမ်းပြည်ဘက်သို့ ချီရာ ဓိကျည်၊ ကောင်းတုံ၊ ကောင်းစင်၊ ငရင်၊ ဗန်းမော် စသည်တို့မှ လက်ဆောင်တို့ဖြင့် ခိုဝင်လာသည်။ ထို့နောက် မိုးကောင်း၊ မိုးညှင်း၊ မိုးနဲ၊ ညောင်ရွှေ၊ ရပ်စောက်၊ လဲချား၊ မိုင်းကိုင် စသောရှမ်းပြည်နယ်တလွှားကို သိပ်ယူလေသည်။ အေဒီ ၁၅၅၇ တွင် မိုးနဲကိုရသော် ထားစင်ဆိပ်မှ သံလွင်မြစ်ကို ကူးပြီးလျှင် ဇင်းမယ်သို့ ချီ၍ လုပ်ကြံသည်။ အေဒီ ၁၅၅၈ ခုတွင် မင်းနှင့်တကွ မြို့ကိုရသည်။ ဇင်းမယ်မင်း ကို မင်းမြဲပြုစေ၍ ဗင်းမယ်တွင် ဗမာတပ်ကို အစောင့်အနေချထားကာပြန်လေသည်။ အပြန်တွင်ဇင်းမယ်သား ပညာသည်တို့ကို ခေါ်ခဲ၍ ဟံသာဝတီတွင် အကွက်ချ၍ နေစေသည်။ ထိုအခါမှစ၍ မြန်မာနိုင်ငံသို့ ဇင်းမယ်ယွန်းထည်ပညာရောက်လာသည်ဟု ဆိုကြသည်။

နားနှင့် ပက်သက်ပြီး ရှောင်ကျဉ်သင့်သော အချက်များ



  သေချာ ဖတ်သင့်ပါတယ် ။ ကျနော် အပါအ၀င် လူ 90% လောက်က နားနဲ့
ပက်သက်ပြီး ဗဟုသုတ နဲကြပါတယ်လေ ...။
နားတွေမှာ သူဘာသာသန့်စင်စေခြင်းနဲ့ သူဘာသာ ကာကွယ်နိုင်ခြင်းဆိုတဲ့
သဘာဝသတ္တိရှိပြီးသားပါ။ ဒါ့ကြောင့် နားတွေကို မမှန်ကန်တဲ့နည်းတွေနဲ့
သန့်စင်ဆေးကြောမှု ပြုလုပ်တဲ့အခါ နားမှာ ထိခိုက်ဒဏ်ရာရခြင်းနဲ့ နားတွင်း
ကူးစက်ပိုးဝင်ခြင်းဆိုတဲ့ ပြဿနာတွေ ဖြစ်စေနိုင်ပါတယ်။
( ၁ ) နားဖာချေးကို မကလော်ပါနဲ့
နားဖားချေးတွေဟာ နားရဲ့သူ့ဘာသာ သန့်စင်စေတဲ့ လုပ်ငန်းစဉ်ကို ကောင်းကောင်း
အလုပ်လုပ်နိုင်အောင် ဆောင်ရွက်ပေးပါတယ်။ နားဖာချေးတွေဟာ
ဆိုးဆိုးဝါးဝါးပိတ်ဆို့ မနေရင် ကလော်ပြီး မဖယ်ရှားသင့်ပါဘူး။ အပြင်
နားစည်အရေပြားရှိ ဂလင်းကနေ ထုတ်ပေးလေ့ရှိတဲ့ နာဖာချေးတွေဟာ အရေးကြီးတဲ့
လုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်နေပါတယ်။ နားစည်ရဲ့ အရေပြားကို
ကာကွယ်ဖုံးအုပ်ပေးခြင်း၊ ရေကို တွန်းထုတ်ခြင်းနဲ့ နားတွင်းပိုးဝင်တာနဲ့
ထိခိုက်ဒဏ်ရာမဖြစ်အောင် ကာကွယ်ပေးခြင်းစတဲ့ လုပ်ငန်းတွေအပြင် နားအတွင်း အရေပြားခြောက်သွေ့ ယားယံခြင်းမဖြစ်အောင် ထိန်းသိမ်းပေးပါတယ်။
ဒါ့ပြင် နားဖာချေးဟာ အပြင်ကနေဝင်လာတဲ့ ဖုန် နဲ့ ပိုးမွှားတွေကို နားစည်ထဲမရောက်အောင်
သယ်ယူထားပေးပါတယ်။ အများအားဖြင့် နားဖာချေးဟာ သူ့အလိုလို ထွက်သွားလေ့ရှိပါတယ်။
ဒါပေမဲ့ တချို့လူတွေမှာတော့ အလိုလို ထွက်မသွားတဲ့အတွက် နားဖာချေးကို ကလော်ပြီး

Wednesday, April 4, 2012

ကိုယ်.နိုင်ငံကို ချစ်ကြသော ချစ်နည်း(၂)မျိုး


သဘာဝတရားက အမြဲတမ်း ၂မျိုးဆီ ဖန်တီးပေးထားတယ်။လူဆိုယင် တောင် ယောကျာင်္
မိန်းမ (၂)မျိုးရှိတတ်ပါတယ်။မျက်လုံးဆိုယင် လဲ ၂လုံးရှိတယ်။လက် ခြေထောက်....
နောက်ဆုံ လက်ချောင်းလေတွေ့တောင် လက်မဆို၂ခုရှိတယ်။မောင်လူလတ် ခုချိန်ထိ
ဖေဘွတ်မှာ လေ့လာကြည့်သလောက် အမိမြန်မာပြည်ကို...ချစ်နည်းက(၂)နည်းတွေ့

ဟာသ အတိုအထွာများ

သူ နှုတ်မှာ မဟုတ်လို့

“ကျွန်တော်တို့ အလျင်လိုနေလို့ မေ့ဆေး၊ထုံဆေး မပေးဘဲ သွားနှုတ်ပေးပါဆရာ”
“ခင်ဗျား အတော်ကို သတ္တိကောင်းတာပဲ။ ကဲဘယ်သွားလဲ ပြောစမ်း”
“မိန်းမရေ မင်းကိုက်နေတဲ့သွားကို ပြလိုက်စမ်းပါကွာ”

ပိုးသတ်ဆေးပါ
“မမ ဈေးသွားနေတုန်း သားငယ်လေးပိုးကောင်အရှင် မျိုချလိုက်တယ်”
“ဟယ် ဒုက္ခပါပဲ။ နင် ဘာမှ လုပ်မပေးဘူးလား မိဌေး”
“ပိုးသတ်ဆေးတစ်ဇွန်းတော့ တိုက်ထားပါတယ် မမ”



ရှမ်းပဲပုပ်လေး ကျွန်တော် --စိုင်းဆိုင်မောစ်

မှတ်ချက်။   ။မရိုးနိုင်သေးသော တစ်ချင်းကောင်းလေးပါ။

ရှမ်း သီချင်းလေးလဲ ခံစားကြည့်ပါ.. အရမ်းကောင်းပါတယ်


တရားရှိ .... မရှိ တိုင်းတာနည်း




တရားမရှိသူက ယူရတာကို ပျော်တယ် ......

တရားရှိသူက လှူရတာကို ပျော်တယ် .......

တရားမရှိသူက ငါကောင်းစားဖို့လှူတာ .....

တရားရှိသူက လောကကောင်းစားဖို့လှူတာ ........

တရားမရှိသူက လူအထင်ကြီးဖို့လှူတာ .......

တရားရှိသူက လောဘကုန်ဖို့လှူတာ .........

တရားမရှိသူက ကမ္ပည်းထိုးပေးတဲ့ နေရာလှူတယ် .....

တရားရှိသူက တကယ်လိုအပ်တဲ့ နေရာလှူတယ် .....

တရားမရှိသူက ကျော်ကြားတဲ့သူကိုမှ လှူတယ် .........

တရားရှိသူက ဒုက္ခရောက်နေတဲ့သူကိုမှ လှူတယ် .....

တရားမရှိသူက လှူတာနည်းတယ် ...... မျှော်လင့်ချက်ကများတယ် .....

တရားရှိသူက လှူတာကများတယ် .... မျှော်လင့်ချက် ဘာမှမထားဘူး ..... ။

မှတ်ချက်။   ။by ...မေတ္တာရှင် ( ရွှေပြည်သာ ) ရှင်ဇ၀န

ချစ်စရာ ဟာသ 1


နေပူက စောင့်သူများ


ကျွန်တော်မှာ အချစ်ဆုံး သူငယ်ချင်း ဆိုပြီး ငယ်သူငယ်ချင်း တစ်ဦးသာ ရှိခဲ့တယ်။ ကျွန်တော်တို့လို သိမ်ငယ်မှုတွေ နဲ့ ကြီးပြင်းလာကြတဲ့ ပေစုတ်စုတ် လူငယ်လေးတွေကို ပေါင်းသင်းချင်သူကလည်း ရှားပါးလှတယ်။ သူရဲ့ အဖေက ကုန်တိုက်တစ်ခုအောက်မှာ အာဖရိကရဲ့ လေပူဒဏ်ကို အံတုပြီး ဖိနပ်ချုပ်တယ်။ ကျွန်တော့် အဖေက ဈေးကြီးတစ်ဈေးရဲ့ လူသူဆူညံမှု နဲ့ အာဖရိက လေပူတွေကို ရင်ဆိုင်ပြီး ဖိနပ်ချုပ်တယ်။

         အာဖရိကရဲ့ အပူဒဏ်ကတော့ နေသားမကျသူ အဖို့ ချက်ချင်း ထွက်ပြေးချင်စရာ။ ဘယ်ကို ကြည့်ကြည့် တလှပ်လှပ်နဲ့ အငွေ့တွေ ကြွတယ်။ တဖွားဖွားနဲ့ သဲတွေ ရွေ့လျားတယ်။ အရပ် ရှစ်မျက်နှာမှာ ဘယ်ကို ကြည့်ကြည့် လွင်တီးခေါင်ခေါင်မှာ သစ်ပင်ဆိုတာ ရှားတယ်။

         အခြေအနေ လှပြီး ကြွယ်ဝသူတွေကတော့ အခြေကျတဲ့ မြို့ပေါ်မှာ အိမ်ကြီး အိမ်ကောင်းတွေနဲ့ ဆိုပေမဲ့ ကျွန်တော်တို့လို သာမာန် လူတန်းစားတွေ အတွက်တော့ နေပူ ကျဲတဲထဲမှာ ခေါင်းပေါ် အဝတ်လေး တင်ပြီး စက်ဘီးစီး သွားရတာကိုက အတော်ကို ဟုတ်လှပြီ။

        ကျွန်တော့် သူငယ်ချင်းက သူ့မှာလည်း ခင်စရာ ကျွန်တော် တစ်ယောက်ပဲ ရှိသူ။ သူက စာတော်သော လူတန်းစား မဟုတ်ပေမဲ့ စာလိုက်နိုင်သော လူတန်းစားတော့ ဖြစ်တယ်။ ကျွန်တော်ကတော့ သူ့လောက်တောင်မှ စာမလိုက်နိုင်။ ကျွန်တော်တို့မှာ ဘယ်သူမှ ကျူရှင် မယူနိုင်ဘဲ ကိုယ်ဒူးကိုပဲ အချိန်ပြည့် ချွန်ကြရတယ်။ ဒါကြောင့် လမ်းလျှောက်ပြီး ကျွန်တော်တို့ ကျောင်းသွားတတ်ရာမှာ ဘောင်းဘီတိုတွေ အောက်မှာ ကျွန်တော်တို့ ဒူးတွေက ငေါင်လွန်းလှစွာ. . ။

        စာလိုက်နိုင်သော ရစ်ချက်က ကျွန်တော့် သူငယ်ချင်း ဖြစ်သလို ကျွန်တော့်ကို စာပြန် သင်ပေးရသော “ ကျူရှင် ဆရာ ” လည်း ဖြစ်တယ်။ ကျွန်တော်တို့ နှစ်ယောက် ကျောင်းသွားတိုင်း ၊ ကျောင်းက ပြန်လာတိုင်း လမ်းမှာ ကျွန်တော်တို့ ပြောနေကြ တိုင်ပင်နေကြ စကားတွေကတော့ ကျွန်တော်တို့ ဘဝတွေက အမြဲတမ်း အရိပ်မဲ့သော ကန္တာရ တစ်ခုလို ပူလောင်ပြင်းပြလွန်းတယ် ဆိုသော အလင်္ကာများ။

       “ ငါတို့ ဘဝကလည်းကွာ။ အမြဲတမ်း နေပူထဲမှာပဲ လျှောက်လှမ်း နေရတာပါပဲလား။ သူများတွေလို အရိပ် အာဝါသလေးထဲမှာ ဘယ်တော့များမှ နေရပါ့မလဲ မသိဘူးကွာ။ ”

      “ ဒါကတော့ကွာ. . ငါတို့မှာလည်း အချိန် မကျသေးလို့ပါ။ ငါတို့လည်း အချိန်ကျလာတဲ့ တစ်နေ့ အရိပ်ထဲမှာ နေရမှာပေါ့ကွာ။ အခုတော့ ငါတို့ဘဝတွေက နေပူထဲမှာပဲ ဆက်ပြီး ဖြတ်သန်းရမှာပဲ။ ”

        ဒီလို ကျွန်တော်က ပြောမိရင် သူက အားပေးတယ်။ သူက ပြောမိရင် ကျွန်တော်က အားပေးတယ်။ ဒီလိုနဲ့ သူ့ကျွန်းကို ကိုယ်က မှီပြီး ၊ ကိုယ့်ကိုင်းကို သူက မှီတွယ်ကာ ကျွန်တော်တို့ ကျောင်းသား အဖြစ် ကျင်လည် ကြတယ်။ ကျွန်တော်တို့ အဖေတွေကတော့ တစ်နေကုန် ဖိနပ်ချုပ်ပြီး နေဝင်မှ ပြန်လာကြတယ်။ ကျွန်တော်တို့ အမေတွေကလည်း တစ်နေကုန် နီးရာ အလုပ်ရုံလေးတွေမှာ အချိန်ဆိုင်း အလုပ်လေးတွေ လုပ်ကြတယ်။ ကျွန်တော်တို့ကို စောင့်ကြည့် ပေးမဲ့သူ မရှိ။

        တစ်နေ့တော့ ကျွန်တော်တို့ အတန်းက ကျောင်းဆရာက အင်္ဂလိပ်လိုလေး တစ်ခု ရွတ်ပြပြီး အဓိပ္ပါယ်ကို ရှင်းပြတယ်။

        “ Waiting in the sun to shade. ”

       တဲ့။ ဒါထက် မပို။ ဒါပေမဲ့ သူနဲ့ ကျွန်တော့်မှာ အတွေးတွေ အများကြီး ဖြစ်ခဲ့တယ်။ သူကလည်း အိမ်ရောက်တော့ ဒီစာလေးကို စာရွက်ပေါ်မှာ ကြီးကြီးရေးပြီး သူစာကျက်တဲ့ နံရံမှာ ကပ်ထားတယ်။ သူက ပြောတယ်။ ဒီစာလေးကို အရမ်းကြိုက်တယ် တဲ့။

         “ အရိပ်ကို လိုချင်ရင် နေပူထဲက စောင့်ပါ။ ”


         လို့ ဆိုသော ဆရာ့ စကားသံကို ကျွန်တော် ပြန်လည် ကြားယောင် မိတယ်။ စာသားလေးက အတော် လှပါတယ်။ ဒါပေမဲ့ ကျွန်တော် စိတ်ဝိဉာဉ်ထဲမှာ လက်ခံလို့ မရ။ အရိပ် ဖြစ်မလာနိုင်သော နေရာတစ်ခုမှာ အရိပ်ကို နေပူထဲက စောင့်နေရင် နေဝင်သွားလို့သာ နေရောင် ပျောက်သွားမယ် ၊ အရိပ်ကတော့ ဖြစ်လာလိမ့်မည် မဟုတ်။

       ပူပြင်း တောက်လောင်နေသော နေပူ ကျဲကျဲတောက်တောက် ထဲမှာ ထိုင်စောင့်နေရင်း အရိပ်အလာကို စောင့်နေမှာထက် အရိပ်က အရှေ့ဘက်မှာ ရှိနေလား ၊ အနောက်ဘက်မှာ ရှိနေလား ၊ တောင်ဘက်မှာ ရှိနေမလား ၊ ဘယ်အရပ် မျက်နှာဘက်မှာ ရှိနေမလဲ။ ဒါကို မြင်အောင်ရှာပြီး အရိပ်ရှိရာကို ခြေတစ်လှမ်း လှမ်းလိုက်ခြင်းက အရိပ်ကို ထိုင်စောင့်နေသူထက် ပိုပြီး အရိပ်နဲ့ နီးမယ် လို့ ကျွန်တော် အတွေးရခဲ့တယ်။

         ဆရာ ရွတ်ပြခဲ့တဲ့ စာကြောင်းလေးက ကျွန်တော့် သူငယ်ချင်းလို ကျွန်တော် နံရံမှာ ကပ်မထားမိပေမဲ့ ကျွန်တော့် ကိုယ်ပေါ်က ခပ်နွမ်းနွမ်း အင်္ကျီအိတ်ထဲမှာ အမြဲရှိနေခဲ့တယ်။ သူနဲ့ မတူညီသော အတွေးတွေ ကျွန်တော့်ကို ပေးတယ်။ မနေနိုင်တဲ့ အဆုံးတစ်နေ့မှာ သူ့ကို ကျွန်တော် ဖွင့်ပြောမိတယ်။

       “ သူငယ်ချင်း အရိပ်ကို လိုချင်ရင် နေပူထဲက စောင့်ပါ ဆိုတဲ့ စကားကို ငါ ခံစားလို့ မရဘူးကွာ။ အရိပ်ကို လိုချင်ရင် အရိပ်ရှိရာကို သွားရမှာပေါ့။ ဆာဟာရလို ကန္တာရ ဒေသမှာ အရိပ်ကို ထိုင်စောင့် နေလို့ကတော့ နေသာ ဝင်သွားမယ် ဘယ်တော့မှ အရိပ်က ဖြစ်လာမှ မဟုတ်ဘူး။ အရိပ်ရှိတဲ့ နေရာကို သွားမှ အရိပ်ရမယ် လို့ ငါကတော့ တွေးမိတယ်။ ”

       သူကတော့ တူးတူးခါးခါးပါပဲ ငြင်းတယ်။

       “ ဒါက လူတွေရဲ့ တည်ငြိမ်မှု မရှိတာ ၊ သမာဓိ မရှိတာကို ပြတာပဲ။ ကိုယ်ကသာ ကိုယ့်အလုပ်ကိုယ် ကြိုးစား လုပ်နေမယ် ဆို ဒီနေ့ ပူလောင်နေရပေမဲ့ နောင်တစ်နေ့ အေးမြခြင်းဆိုတဲ့ အရိပ်ကို ရလာမှာပဲ။ ဒါကြောင့် ဒီနေ့ ပူလောင်နေရတာကို လက်ခံပြီး အေးမြလာမဲ့ အရိပ်ကို တည်ငြိမ်စွာ စောင့်နေနိုင်ရမယ်။ ”

       “ X X X X X X X X X ”

       “ X X X X X X X X X ”

       နောက်ထပ် စကား သုံးလေးခွန်း ပြောအပြီး မှာတော့ သူနဲ့ ကျွန်တော်ဟာ ဘေးချင်း  ကပ်နေလျှက်နဲ့ အဝေးဆုံးမှာ ရောက်နေရသလို အတွေးတွေက ကွဲပြားသွားတယ်။

    ဒီနောက်မှာတော့ ကျွန်တော်ကလည်း ကျွန်တော့် ယုံကြည်ချက် အတိုင်း နေပူထဲမှာ ရပ်စောင့် နေတာထက် အရိပ်ရှိရာကိုသာ တစိုက်မတ်မတ် လိုက်ရှာခဲ့တယ်။ အခု ကျွန်တော်တတ်နေတဲ့ ကျောင်းက သာမာန်ကျောင်း ၊ ပညာတော်သင် ဘယ်တော့မှ မရနိုင်တဲ့ ကျောင်း ၊ ဒါဆို ပညာတော် သင်ရပြီး အရိပ်ကောင်းလေး ဖြစ်မလာနိုင်ဘူး။ ဒါကြောင့် ကျွန်တော် ကြိုးစားပြီး ကျောင်းပြောင်းခဲ့တယ်။

       နောက်တော့ ကျွန်တော် တက္ကသိုလ် ရောက်တော့ ကျွန်တော် ဒီကျောင်းမှာ ပြီးရင် ဘာဖြစ်မလဲ စဉ်းစားတယ်။ ဘာမှ မဖြစ်နိုင်။ ဒါကြောင့် ကျွန်တော့်ဆုံးဖြတ်ချက် အတိုင်း ကျောင်းမှ ထွက်ပြီး ကျွန်တော် သင်္ဘော လိုက်ခဲ့တယ်။ နောက်တော့ ၅ နှစ်တာမှာ ကျွန်တော် နိုင်ငံစုံ ရောက်ခဲ့တယ်။ အရိပ်စုံကိုလည်း တွေ့ခဲ့တယ်။ ဒါကြောင့် ၅ နှစ်တာ စုဆောင်း ထားတာလေးတွေနဲ့ ကျွန်တော် နိုင်ငံပြောင်းပြီး နိုင်ငံသား အဖြစ် ခံယူခဲ့တယ်။

         နိုင်ငံခြားသား အနေအထားကနေ နိုင်ငံသား ဖြစ်ပေမဲ့ အနှိမ်ခံ ဘဝကနေတော့ ကျွန်တော် မလွတ်သေးပါဘူး။ ကျွန်တော့် ကိုယ်ပေါ်မှာ နေတွေ ပူနေဆဲ။ ကျွန်တော့်အပေါ် ကျရောက်လာတဲ့ နေပူဒဏ်လို အရာတွေကိုလည်း ဘယ်တော့ အရိပ်များ ကျရောက် လာလေလိမ့်မလဲ လို့ ကျွန်တော် စောင့်မနေခဲ့ ၊ ဘယ်မှာ အရိပ်ရှိမလဲ ဟုသာ ကျွန်တော် တွေးပြီး အရိပ်ကို ကျွန်တော် ရှာဖွေခဲ့တယ်။ အရိပ်ကို ရှာသူအဖို့ အရိပ်ကို တွေ့ရတာ တကယ်တော့ မဆန်းလှပါ။

      ကျွန်တော် အိမ်ခြံမြေပွဲစား အလုပ်လေးနဲ့ နည်းနည်း တည်ငြိမ်လာတော့ ပညာဆိုသော တင့်တယ်သော အရိပ် ကျွန်တော့်မှာ လိုလာပြန်တယ်။ အရင်က ရပ်ထားခဲ့တဲ့ ကျောင်းကို ကျွန်တော် ဒီမှာ ဆက်တတ်တယ်။ ကျောင်းပြီးတော့ ကျွန်တော့်မှာ ပိုမိုကြီးမားသော အရိပ်တစ်ခု ရလာတယ်။

       သို့သော် သူများ လက်အောက်ခံမှာ လုပ်နေရတဲ့ ပူလောင်မှုက ကျွန်တော့်ကို ခဏခဏ လာရိုက်ခတ်တယ်။ သူများ လက်အောက်က လွတ်စေတဲ့ အေးမြတဲ့ အရိပ်က ဘယ်မှာလဲ ၊ ဘယ်အရာလည်း ကျွန်တော် ရှာကြည့်တော့ ကိုယ်ပိုင်လုပ်ငန်း လုပ်ဖို့ပဲ အဖြေရတယ်။ ကျွန်တော် အရိပ်ကို နှစ်သက်တယ်။ ဒါကြောင့် ကျွန်တော် အရိပ်ရှိရာကို လျှောက်ခဲ့ပါတယ် . . ခပ်ရဲရဲပါပဲ။ ကျွန်တော် ကိုယ်ပိုင် အလုပ်လေး လုပ်ခဲ့တယ် ၊ ကျွန်တော် အောင်မြင်ခဲ့တယ်။

        ကျွန်တော်ရဲ့ ကိုယ်ပိုင် အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းက အခုဆိုရင် ဒီလောကမှာ အသိုင်းအဝိုင်း ကောင်းတစ်ခု အဖြစ် ရပ်တည်နေခဲ့ပြီ။ ဒီလို အေးမြတဲ့ အရိပ်စစ်တစ်ခု ရလာဖို့ ကျွန်တော် ဘယ်လောက်များ အချိန် ရင်းခဲ့ရလဲ လို့ ကျွန်တော် ပြန်တွက်ကြည့်တော့ ကျွန်တော် အချိန် ၁၇ နှစ်လုံးလုံး ဒီအရိပ်နောက်ကို လိုက်ခဲ့တယ်။ ကျွန်တော် ထိုင်စောင့် မနေခဲ့။ အခုတော့ ကျွန်တော်ရဲ့ ကိုယ်ပေါ်မှာ အေးမြတဲ့ အရိပ်ပေါင်းများစွာ ကျရောက်နေခဲ့ပါပြီ။

       တစ်နေ့ ကျွန်တော့် အဖေက ပြောလို့ ကျွန်တော်တို့ မိသားစုလိုက် အာဖရိကသို့ အလည် ပြန်လာတော့ ရောက်ရောက်ချင်းပဲ ကျွန်တော် ကျွန်တော့်သူငယ်ချင်းကို သတိရတယ်။ အိုဟောင်းနေတဲ့ အတိုင်းပဲ အိမ်လေးကို အစောင့်အရှောက်နဲ့ မပြုမပြင် အမှတ်တရ ထားတာတဲ့ ကျွန်တော်တို့ အာဖရိက က အိမ်လေးကို အရောက် အိမ်နီးနားချင်းတွေကို ကျွန်တော့်သူငယ်ချင်း အကြောင်း မေးမိတယ်။

       သူတို့ ညွှန်ပြတာက . . . . ဟိုး အဝေးက နေပူထဲမှာ ဆောက်ထားတဲ့ ကုန်တိုက် တစ်ခုဆီကို။ ဟင်. . . ဒါ . . ဒါ . . . သူ့အဖေ အရင်က ဖိနပ်ချုပ်တဲ့ ကုန်တိုက်။ ကျွန်တော် ထပ်မေးတော့ အားလုံးက ဖြေတယ်။

       “ ဟုတ်တယ်လေ . . သူလည်း သူ့အဖေလိုပဲ ဖိနပ်ချုပ်နေတယ်။ ”

    တဲ့။ ကျွန်တော် ရင်ဆို့သွားတယ်။ မျက်ဝန်းမှာ မျက်ရည်တွေ ဝေ့သီ လာတယ်။ ကျွန်တော့် သူငယ်ချင်းရှိရာသို့ ကျွန်တော် နေပူထဲမှာ ငယ်ငယ်က လှမ်းခဲ့တဲ့ ခြေလှမ်းမျိုးတွေနဲ့ ကျွန်တော် လှမ်းထွက်ခဲ့တယ်။

       ကျွန်တော့် သူငယ်ချင်းနဲ့ တွေ့တော့ သူက ပြောတယ်။

       “ မင်းက ကံကောင်းတယ်ကွာ။ အတူတူ နေလာ ၊ အတူတူ ကစားလာ ၊ အတူတူ ကျောင်းတတ် လာတာချင်း အတူတူ မင်းက ကြီးပွားသွားတယ်။ ငါ့မှာတော့ အခုချိန်အထိ အေးချမ်းတဲ့ အရိပ်ကတော့ ရောက်မလာ သေးဘူးကွ။ ဒါပေမဲ့ တစ်နေ့တော့ အေးချမ်းတဲ့ အရိပ်လေး ရောက်လာမှာပါ။ ”

        လို့ဆိုပြီး ဟိုးငယ်ငယ်က ဆရာ ရွတ်ပြခဲ့တဲ့ စာသားလေး ရွတ်ပြတယ်။

        “ Waiting in the sun to shade. ”


        “ အရိပ်ကို လိုချင်ရင် နေပူထဲက စောင့်ပါ။ ”


        တဲ့။ ငြင်းခုန် ပြောဆိုရတော့မဲ့ အချိန်အခါတွေလည်း မဟုတ်တော့ပါ။ ဒါကြောင့် ကျွန်တော် မပြောဖြစ်ခဲ့။ ဒါပေမဲ့ ကျွန်တော် ပြောခွင့်ရမယ် ဆိုရင် ကျွန်တော့် သူငယ်ချင်းကို ပြောခဲ့ချင်တယ်။

       “ သူငယ်ချင်း . . . . အရိပ်ကို လိုချင်လို့ နေပူထဲက စောင့်ပါ ဆိုရင် အရိပ် မကျလာနိုင်တဲ့ နေရာမှာ ဆိုရင် နေသာ ဝင်သွားမယ် ဘယ်လိုလုပ်ပြီး အရိပ်ရတော့မလဲ။ ငါကတော့ အရိပ်ကို လိုချင်ရင် အရိပ်ရှိရာကိုပဲ သွားရတယ် လို့ ယူဆမိပါတယ်။ ဒါကြောင့် ငါ အရိပ်ရှိရာကိုပဲ သွားမယ်။

       နေဝင်ချိန်ဆိုတဲ့ ဘဝနိဂုံး ချုပ်တော့မှ ရလာမဲ့ အရိပ်မျိုးကို ငါ မလိုချင်ဘူး သူငယ်ချင်း။ အရိပ်ကို လိုချင်ရင် နေပူထဲမှာ စောင့်မနေပါနဲ့ ၊ အရိပ်ရှိရာကိုပဲ သွားလိုက်တာ အရိပ်ကို စောင့်နေတာထက် ပိုပြီး နီးတယ် မဟုတ်လား သူငယ်ချင်း။ ”


         ဒါပေမဲ့. . . .

         ကျွန်တော် မပြောဖြစ်ခဲ့တော့ပါ။


Source; Best Advice I Ever Had
ကိုဇော် ခံစားတင်ပြသည်။

မှတ်ချက်။   ။ ဆောင်းပါးရှင် ကိုဇော် ကိုကျေးဇူးတင်ပါတယ်ဗျာ....ဘ၀အတွက် တခါတလေ ရှေ့လူကြီးတွေရဲ့ အရိုးစွဲ မှတ်သားစရာလေးတွေက အခြေအနေအချိန်အခါနဲ့ မကိုက်တဲ့ ပတ်ဝန်ကျင်တို့ အနေအထားတို့မှာ ပြောင်းလဲမှုရှိတယ်ဆိုတာ သင်ခန်းစာပေါ့..

ခွန်အား စိတ်ဓာတ် II



ငါဟာ ချွတ်ယွင်းချက်အပြည့်နဲ့ လူတစ်ယောက်ပါ
ငါ့ကိုငါ အနှစ်ချုပ်ကြည့်တော့
ငါ့မှာ မပြည့်ဝတဲ့ စရိုက်လက္ခဏာရှိတယ်။
အထီးကျန်ဆန်တဲ့ လူ့ဘဝရှိတယ်။

စရိုက်လက္ခဏာက မွေးရာပါ
ပြောင်းလဲချင်တိုင်း ပြောင်းလဲလို့ မရနိုင်ဘူးဆိုပေမယ့်
ကိုယ့်ကိုယ်ကို မကြာခဏ အနှစ်ချုပ်ကြည့်မယ်
ကိုယ့်ကိုယ်ကို မကြာခဏ ဝေဖန်ပိုင်းခြားမယ်
ကိုယ့်ကိုယ်ကို မကြာခဏ ဆန်းစစ်မယ်
ကိုယ့်ကိုယ်ကို မကြာခဏ သတိပေးမယ်
ကိုယ့်ကိုယ်ကို မကြာခဏ လှုံ့ဆော်မယ်..... ဒါတွေကို ငါလုပ်လို့ရတယ်။
ဒီလိုမှမဟုတ်ရင်.

အတွေးအခေါ်ဆိုင်ရာ ကဗျာ

အဲဒါတွေဟာ.....

အတ္တကိုယ်စီနဲ့
ဗွက်ထနေတဲ့လောကဓံကိုရုန်းကန်နေကြ
အဲဒါကိုဘ၀တဲ့။

လောဘကိုယ်စီနဲ့
မတည်မြဲတဲ့အရာတွေကို ထုဆစ်နေကြ
အဲဒါကိုဘ၀တဲ့။

ဒေါသကိုယ်စီနဲ့
အမှားတွေကိုလက်တွဲ အမှန်တရားအတွက်ခက်ခဲနေကြ
အဲဒါကိုဘ၀တဲ့။

မောဟကိုယ်စီနဲ့
ရီဝေေ၀အသိ နောက်ကျိကျိအတွေးများ ဆင်ခြင်တုံတရားတွေကို အကျဉ်းချ၊
အဲဒါကိုဘ၀တဲ့။

မာနကိုယ်စီနဲ့
ငါဆိုတဲ့သီအိုရီတစ်ပုဒ်ကို ဘယ်သူနဲ့မှမတူအောင် ရေးထုတ်နေကြ
အဲဒါကိုဘ၀တဲ့။

သံယောဇဉ်ကိုယ်စီနဲ့
မဆုံးနိုင်တဲ့လွှမ်းတေးတစ်ပုဒ်အတွက် ပူလောင်မှုတွေကို လှောင်အိမ်ဖွဲ့နေကြ
အဲဒါကိုဘ၀တဲ့။

အချစ်ကိုယ်စီနဲ့
ခံစား ပူဆွေး ငိုကြွေးမှုတွေကို ချည်ဖတ်လုပ်ပြီး ရင်ဘတ်တွေကို မီးရှို့နေကြ
အဲဒါကိုဘ၀တဲ့။

ဝါဆို

 နားထောင်ကြည့် အေးအေးလေနဲ့ ခံစားချက် အပြည့်ပါတယ်....

ငါတို့အိမ်(အဓိရာမိုး)

မှတ်ချက်။  ။အရမ်ကောင်းတဲ့ သီချင်းလေပါဗျာ...နာထောင်းကြည့်ပါ
စာသားတွေကလဲ ကိုအရိုးရေးထားတာ အဓိပ္ပာယ် တော်တော်ရှိပါတယ်။

သီချင်းကောင်းလေး ဟာသဓာက်ပုံလေးတွေနဲ့ လုပ်ထားတာပါ....

မှတ်ချက်။   ။ကလေးလေးတွေရဲ့ ဓာက်ပုံလေးတွကို ဟာသ သဘောဆောင် ခံစားပေးကြပါ။ယဉ်ကျေးမှု မရှိဘူးလို့ မှတ်ချက်မယူကြပါနဲ့...ဟာသက ဟာသသဘောဆောင်ခြင်းပါ။

Tuesday, April 3, 2012

ရှမ်းပြည် သဘာဝ အလှများ









ထန်းလက်ပြားခေါင်းပေမဲ့ အလောင်းလှပါတယ်


    ကျွန်တော်ခေါ်တာက အဖွား ၊ အရပ် က ခေါ်တော့ အမေခြုံ ။ ပြောမယုံ ကြုံမှ သိမယ် ။ ၁၉၉၅ မှာ အဖွား တစ်ရာ့ နဲ့ ၅ နှစ်ရှိပြီ ။
အဖွားအဖေကထန်းသမား  ထန်းတဲဘေး က စံပါယ်ရုံဘေးမှာမွေးလို့  အဖွားကို ပန်းခြုံ လို့ နာမည်ပေးသတဲ့ ။
အဖွားလို့ ခေါ် ပေမဲ့ ကျွန်တော်နဲ့ သွေးသားရယ်လို့တော့ မတော်ဘူးပေါ့ ။ အိမ်ဘေးမှာနေ တော့ သွေးသားရင်းမခြား အဖွားတော်ထားတယ် ။

    အသက်က တစ်ရာ့ ငါး ဆိုပေမဲ့ သားထောက်သမီးခံ မရှိတော့ ကိုယ့်အားကိုယ်ကိုးတယ် ။ မျက်လုံး လည်းကောင်းသေးတယ် ။
 တောင်ဝှေးလေးတစ်ချောင်းထောက် ၊ ရွားရိုး ကိုးပေါက် သူမရောက်တဲ့နေရာအတော်ရှာရမယ် ။
ပုံးတစ်လုံးကိုဆွဲလို့ နွားချေးလည်ကောက်တယ် ။ ကုသိုလ်လည်းရပိုက်ဆံရပေါ့ ။ မိုးတွင်းဆိုရွာပြင်ထွက် ဒေါင်းဒလိတ်ရွက် ၊ ပရန္နဝါရွက် ၊
 ဟင်းသုံးဆင့်ရွက် ဆူးပုတ်ရွက် ၊ မန်ကျည်းနဲ့ ကင်းပုံ အစုံသူခူးတယ် ။
 ခူးသမျှအရွက် စုံ  အိတ်ထောင်မှာ ပုံလို့ထည့် သူ့ခေါင်းမှာရွက် လို့ အမေခြုံ  ဈေးရောင်းထွက်တယ်  ။ဆန်လတ် နဲ့ ဆန်ကွဲ ရသမျှသူလဲတယ် ။တခါတခါ ဆန်ကောင်းလေး တစ်လယ်မယ် (နို့ဆီဗူးတစ်ဗူး)  ရရင် ဘုန်းကြီးတွေ ဆွမ်းကပ်လို့ သူ့ မျက်နှာသိပ်ကျေနပ်နေရှာတယ် ။

    မနက်မိုးလင်းရင် အမေ့ခြုံကြေးစည်သံ တစ်ရပ်လုံး ညံလို့ပေါ့ ။ ရွာဦးကအုံးမောင်းတောင် သူ့လောက် အချိန်မမှန်ဘူး ။
အိမ်ဘေးကလမ်းကလေး တမြက်စည်းအမြဲလှည်းပေးတက်တယ် ။ သံဃာတွေ ဆွမ်းခံကြွရင် ဖုန်းမထအောင် လို့ တဲ့ ။ ရွာထဲက လမ်းတွေ တစ်လျှောက်တွေ့သမျှ အမှိုက်သူကောက်တယ် ။
တလင်းလက်ကျန် တွေလိုက်ရှင်း ရင်း ရလာတဲ့ အသီးနှံအဖျင်းလေးတွေကို ငှက်ကလေးတွေအစာကျွေးတယ် ။ ဘုန်းကြီးကျောင်း ၊ ဘုရားဝိုင်း  နေ့ တိုင်း သူ မြက် နှုတ် တယ် ၊ဘုရားတိုက်ပတ်ချာလည် ပန်းပင်တွေလိုက်စိုက်တယ် ။ ဆရာတော် တွေရဲ့ ကုဋေ အမြဲ တစေ ရေးဆေးပေးတယ် ။ မိုးလင်းကမိုးချုပ် တကုတ်ကုတ် နဲ့ အလုပ်တခုခုတော့ သူလုပ်နေတက်တယ် ။ သူ့ အိမ်အတွက်ရေခပ်ပေးရင် ကျွန်တော့်ကိုဆုတွေလည်း တစ်သီကြီးပေးတယ်သေးတယ် ။ညဘက်ညဘက် ပုံတိုပက်စတွေလည်းပြောပြတက်သေးတယ် ။ ငါ့မြေး လူ တစ်ယောက်ကောင်းမကောင်း အလောင်းမြေကျတဲ့ခါသိလိမ့်မယ်လို့ ပြောတက်သေးတယ် ။
ကျွန်တော်က ငယ်ငယ် အဖွားစကားတွေ ကို နားမလည်ခဲ့ဘူးပေါ့ဗျာ  ။

    အမေခြုံ စာမတက်ပါဘူး ။ သူ့မွေးသက္ကရာဇ်တောင်သူမသိရှာ ။ ဆုတောင်းပြည့်ဘုရားကြီးပြင်တဲ့ နှစ် မှာမွေးတာလို့ ပဲပြောတက်တယ် ။ သူမှာဥစ္စာရယ်လို့လည်း မရှိရှာပါဘူး ။သူဆုံးတော့ ကျန်ရစ်တာ လုံချည်စုတ် ၃ ထည် ၊ အင်းကျီ ၂ ထည် ၊ သဘက်တစ်ထည် ၊ ကြေးစည်တစ်ခု ၊ တောင်ဝှေးတစ်ချောင်း ၊မြေအိုး ၂ လုံး ၊ ပန်းကန်ပြားတစ်ချပ် ။ သူ့ အိမ်ဆိုတာက ထန်းရွက်မိုးထန်းရွက် ကာ ။
အုတ် ၊ သစ် ဆိုတာဝေလာဝေး ၊ ဝါးကြမ်းကလေးတောင် မရှိ ရှာဘူး ။ သူ့အလောင်းမြေ ကျဖို့ အခေါင်းလုပ်တော့ ပျဉ်ဆိုတာ ဘယ်မှာမှ ရှာမရခဲ့ဘူး ။အိမ်ထန်းပင်ကထွက်တဲ့ ထန်းလက်ပြားလေးတွေထုတ် ခေါင်း လုပ်ပေးလိုက်ရတယ် ။ ရင်ထဲမှာ တော့ တော်တော် မကောင်းဘူး ။

    လူ့ဘဝမှာ ဘယ်အရာတွေက အဓိကကျသလဲ ။ ပညာ တွေလား ၊ ဥစ္စာတွေလား ၊ ထည်ဝါခမ်းနားမှု ၊ ဂုဏ်ပကာန တွေလား ။ အဲဒီပေတံ နဲ့ တိုင်းတာခဲ့ ရင်တော့ အမေခြုံ တစ်ရာ့ငါးနှစ်လုံးအသက်ရှည်ပေမဲ့ လူလုံးမလှခဲ့ဘူး ။
 ဒါပေမဲ့ ကျွန်တော်တို့ ပတ်ဝန်းကျင်အတွက် လူသုံးကျ တစ်ယောက်တော့ အသေအချာ ဖြစ်ခဲ့တယ် ။ ပိုနေရင်သာမသိသာတယ် ၊
လိုနေရင် ပတ်ဝန်းကျင်တစ်ခုလုံးမှာ လစ်ဟာသွားသလို ပဲ ဆိုတာ အသုံးကျတဲ့လူတစ်ယောက်ဆုံး ရှုံးဖူးမှ ကျွန်တော်ကောင်းကောင်းသိလိုက်ရတယ် ။ ရွာ ကို အလည်ရောက်လို့ အိမ်ပေါက် က လမ်းပေါ်မှာ လွင့် နေတဲ့ အမှိုက်တွေတွေ့ရင် အမေခြုံကိုသတိရမိတယ် ။ ဘုရားတိုက်တွေကြား မြက်တွေသောသောထနေတာမြင်ရင်လည်း အမေ့ ခြုံကိုသတိရတယ် ။
 ကားစီးနိုင်တဲ့ သူဌေးကြီးတွေ အလှုပေးတာမြင်ရင် အမေ့ခြုံကိုသတိရတယ် ။ အင်တာနက်ပေါ်က ပညာတက်တွေက လူတွေကို သိပ်ချစ်ပြရင်အမေခြုံ ကို သိပ် သတိရတယ် ။အမေ့ ခြုံ အသုဘ မှာ မြင်ခဲ့ ရတဲ့ မြင်းကွင်းလေး ကို ကျွန်တော် ပြေးပြေးမြင်မိတယ် ။ ခပ်ကျဲကျဲ ထန်းလက်ပြားခေါင်း ထဲ မှာ အဝတ်ဟောင်းလေး တွေဝတ်ပြီး အဖွား အိပ်နေ သလို ပါ ပဲ ။
လူတစ်ယောက်ကောင်းကောင်း မကောင်း အလောင်းမြေကျတဲ့ခါ သိလိမ့်မယ် ....ဆိုတဲ့စကား ကျွန်တော်နားလည်သွားပြီ ။

      အဖွားရယ် " ထန်းလက်ပြားခေါင်းပေ မဲ့ အဖွား အလောင်း လှခဲ့တယ် " ....။


by ရုပ် ဆိုး on Saturday, 10 March 2012 at 02:13