သာယာလှပ ရှမ်းပြည်အလှကိုဖော်ထုတ်နိုင်ရန် blog အတွက်လိုအပ်သော ဓာတ်ပုံ၊ ဆောင်းပါ၊ ဗဟုသုတ၊ ကဗျာ၊ စာပေနှင့် ရှမ်းပြည်အလှအပများကိုဖော်ကျူးလိုသော အချက်အလက်များအား masterghost2012@gmail.com ဆက်သွယ်ပေးပို့ခြင်းဖြင့် ပါဝင်ကူညီနိုင်ပါတယ်...

Tuesday, July 3, 2012

သီချင်းများ

ငါ့သမီးစာကျက်နေတယ်  click

ရန်ကုန် အောင်ပန်း တောင်ကြီး ကျောက်ပန်းတောင်း ပုဂံ ပခုက္ကူ ပုပ္ပါး


ချမ်းသကိုး

မနက်စောစော လွယ်မယ်တောင်ခြေ ဘက် လမ်းလျှောက်

အောင်ပန်း မြေဈေး ကျပ်သိန်းသောင်းချီရှိ ၊ တောင်ကြီး ၊ ပုဂံ ၊ ချောင်းသာ မြေဈေး အရောင်း အဝယ် အေး

စီးပွားရေးမြို့တော် တစ်ခုဖြစ် သော အောင်ပန်းမြို့ ၏မြေဈေးမှာ ကျပ်သိန်း ထောင်ဂဏန်းမှ သောင်း ဂဏန်း ထိဈေးရှိ နေကြောင်း အောင် ပန်း အခြေစိုက် စီးပွားရေး လုပ်ငန်းရှင် ဒေါက်တာကြည်လွင်က မြန်မာပို့စ် သို့ ပြောကြား သည်။
“အခုဒီဒေသမှာ လုပ်ငန်းရှင် ကြီးတွေ၊ လူကြီးပိုင်း တွေအများဆုံး စိတ်ဝင်စားကြတယ်။ မြေဈေးက တော့ လမ်းမ ဘက်ပိုင်းဆိုရင် ကျပ် သိန်းထောင် ဂဏန်းကနေ သောင်း ဂဏန်းထိ ဈေးရှိတယ်။ ပေ ၃၀ x  ပေ ၈၀ ဆိုရင် ကျပ်သိန်း ၁,၆၅၀ ရှိတယ်။ လမ်းမဘေးတွေ ဆိုရင် ကျပ်သိန်း သောင်းချီ ရှိတယ်”ဟု ၎င်းကပြော ကြားသည်။

Sunday, June 10, 2012

ရခိုင်ပြည်နယ် မောင်တောမြို့နယ် အခြေအနေနှင့် ပတ်သက်ပြီး နောက်ဆုံးရသတင်းများ ၁






b111
မောင်တောမြို့နယ်၊ သားရေကုန်းဘောင်ကျေးရွာတွင် ဇွန်လ ၈ ရက်နေ့က တွေ့ရသည့် ဘင်္ဂါလီ ရိုဟင်ဂျာများ
မောင်တော မြို့တော်ခန်းမ အနီးရှိအိမ်များကို ဘင်္ဂါလီများက လူအုပ်စုဖြင့် မီးရှို့ဖျက်ဆီးနေသဖြင့် ဒေသခံများ ထွက်ပြေးနေရကြောင်းနှင့် လက်ရှိ ဆိုးရွားနေသော အခြေအနေကို အလျင်အမြန်ထိန်းသိမ်းနိုင်ရန် လိုအပ်နေကြောင်း ဒေသခံများထံမှ သတင်းရရှိပါသည်။
ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် လူထောင်ချီရှိသော ဘင်္ဂါလီ ရိုဟင်ဂျာများမှ မြို့တော်ခန်းမအနီရှိ အိမ်များကို ယနေ့ မွန်းလွဲပိုင်းမှ စ၍ မီးရှို့ဖျက်ဆီးနေပြီး ဒေသခံ အများစုက မိမိအိမ်နှင့် ဝေးရာသို့ ထွက်ပြေး နေရကြောင်း သိရသည်။ အဆိုပါ မီးရှို့ဖျက်ဆီးခံရသော အိမ်များအနက် မောင်တောမြို့ ရွာသစ်ရပ်ကွက်ရှိ Weekly Eleven News Journal သတင်းထောက်၏ နေအိမ်လည်း ပါဝင်ကြောင်း သိရှိရသည်။ မောင်တောမြို့ လုံခြုံရေးကို ရဲတပ်ဖွဲ့မှ တာဝန်ယူပြီး အင်အား ၂၀၀ ၀န်ကျင်ခန့်သာရှိကြောင်း သိရသည်။ လက်ရှိအခြေအနေမှာ ထိန်သိမ်းရန် ခက်ခဲသော အခြေအနေ ရှိနေကြောင်း ဒေသခံတစ်ဦးမှ ပြောကြားပါသည်။

Sunday, May 13, 2012

တောင်ကြီးအလှ၊တောင်ကြီး တန်ဆောင်တိုင်

 

ကျန်းမာရေး နဲ့ မုန့်လက်ကောက် (ဘာမှမဆိုင်)


ပုံကိုကြည့်ပြီး ဘာလဲ တွေးနေတာလား မတွေးပါနဲ့လေ ဦးနှောက်တွေပူပါတယ် တီချမ်းတယောက် ရေသောက် တာပါ ငှဲငှဲ ခုတလော ညည အိပ်မရပါဘူး ဘာလို့လဲတော့ မသိပါဘူး ညဘက်မအိပ်ပဲနဲ့ နေ့ဘက်တွေချည်းပဲ အိပ်နေမိတယ် ဖြစ်ချင်တော့ သောကြာနေ့ကတည်းက ခု တနင်္လာနေ့အထိ ရုံးတွေပိတ်ပါတယ် သောကြာနေ့က Chakri နေ့ မို့လို့ပိတ်တာပြောပါတယ်

ဖက်ထုပ်ဆီချက် နဲ့ တီချမ်းရဲ့ မနက်စာ ညနေစာ ညလယ်စာ


တကယ်ပါ အဟုတ်။ ဒီတခါနောက်ဆုံး နောက်ကို ဘယ်တော့မှ ခေါက်ဆွဲ ဆီချက် ဖက်ထုပ် တွေနဲ့ မနှိပ်စက်တော့ဘူး ကတိ ကတိ ကတိ။ အဲ့လို စာကြောင်းကို စပြီးသကာလ ရေးမယ့် အကြောင်းအရာ က ဖက်ထုပ်ဆီချက်ပါတဲ့ အရပ်ကတို့ရေ...........မရေးခင် တီချမ်း ရဲ့တနေ့တာ ကိုကြည့်ရအောင်နော်။